ထင်းရှုးခြံ

482 56 19
                                    

အပိုင်း ( ၁၂ )

မြူတွေ အုံ့ဆိုင်းနေပါသော ထင်းရှုးခြံ။ ခြံ၏ အကျယ်အဝန်းက ၅ဧကမျှရှိသည့်အတွက် တစ်နေရာနဲ့ တစ်နေရာ သွားဖို့ ဝေးကွာလှသည်။
စိုက်ခင်းများနဲ့ လှပနေသော ထင်းရှုးခြံ၏ အလှတရားထဲတွင် ရေတံခွန် နဲ့ တောင်ကုန်းလေးကိုလည်း ဖယ်ချန်ထား၍မရပေ။
သို့ပေမဲ့ တောင်ကုန်းဘက်ကိုတော့ လူသွားလူလာ ကန့်သတ်ထား၏ ။

အချိန်ကာလအားဖြင့် နွေဦးတို့စတင်သည့်အချိန်ဖြစ်သည်။ ပြင်ဉီးလွင်မြို့ရဲ့ ရာသီဉတုက ကြိုတင်ခန့်မှန်းလို့ရပေ။ နွေဉီးဆိုသော်ငြားလည်း မိုးကမပျက်ပေ ။မိုးကောင်းသော နေရာဖြစ်သည့်အတွက် ခြံအတွင်း ပေါင်းပင်များ ဖယ်ရှားဖို့ လိုလာပြီဖြစ်သည်။

' ဒီအိမ်ကြီးကလည်း အမြဲတံခါးပိတ်ထားတယ် လူနေရဲ့လား မသိဘူးနော် ´

နှစ်ထပ်တိုက်အပြာရောင် အိမ်က ခြံကြီး၏ အလယ်မှာ လှပစွာရှိနေသော်လည်း တံခါးများပိတ်ထားသဖြင့် အလှပျက်နေသည်ကို အေးပုံ့၏စိတ်ထဲ နှမြောတသ စွာ ဖြစ်လာ၍နှုတ်က လွှတ်ခနဲ ရေရွတ်မိ၏ ။

' အလုပ်သာလုပ်စမ်းပါ အေးပုံ့ရယ် အလုပ်ရှင်က စပ်စုတာမကြိုက်ဘူးလို့ ပြောတားတယ်လေ ´
လုပ်သားခေါင်းဆောင်၏ သတိပေးသံကြောင့် အေးပုံ့၏ ခေါင်းလေးပုသွားသည်။ သို့သော် နှုတ်က မငြိမ် တုန့်ပြန်မိလိုက်သည်။

' ကျွန်မကသိချင်လို့ မေးမိတာပါရှင် ´

စိုက်ခင်းကို ပေါင်းသင်ဖို့ ခေါ်ထားသော လုပ်သားတို့၏ တီးတိုးဝေဖန်သံများက ဆူညံ့စွာထွက်ပေါ်လာသည်။

' ဒီအိမ်ကြီးမှာ ကလေးတစ်ယောက်လည်းရှိသေးတယ် ရွာမှာကျောင်းလာအပ်ထားပြီး ကျောင်းတက်တာလည်း မရှိဘူးတဲ့ ၊ နေမကောင်းဖြစ်လို့များလားနော် ´

နောက်ထပ်တစ်ယောက်ကပြောသော စကားကို တဖွဲ့လုံး စိတ်ဝင်စားကာ နားစွင့်နေကြသည်။
တစ်ယောက်တစ်မျိုး ပြောကြရင်း အသံတို့က လိုအပ်သည်ထက် ပို၍ ကျယ်လာသည်။

ထိုအချိန်မှာ အိမ်ကြီးထဲမှ ဒေါ်ကြီးထွက်လာခဲ့သည်။

' စကားများမနေနဲ့ အလုပ်ကို သေချာလုပ်ကြ ၊
လုပ်အားငွေကို အချောင်ယူဖို့ မစဥ္းစားကြနဲ့ ´

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now