ချစ်တဲ့စကားတွေ နေ့တိုင်းပြောမည်

390 33 24
                                    


အပိုင်း ( ၂၉ )

ထင်းရှူးခြံ ကို ဦးမြတ်အောင် ရောက်လာပြီးနောက်ပိုင်း မြတ်နိုးအောင် အိမ်ကိုမပြန်ဖြစ်တော့ပါ ။
ကိုစိုးကြီးရဲ့ အိမ်မှာပဲနေဖြစ်သည်။
အမေကလည်း ခွင့်ပြုထားသည်။ သို့ပေမဲ့ ညနေတိုင်း အမေရှိသည့် အိမ်ကြီးဆီသို့သွားကာ အမေ့ကို တွေ့သည်။

ဒီနှစ်ကုန်ပိုင်းမှာ ခြံထဲကအသီးအနှုံတွေ အထွက်တိုးတာကြောင့် ရလာမည့်အမြတ်အစွန်းများအား မြတ်နိုးအောင် တွက်ချက်နေသည်။
ယခင်လို အိမ်မကြီးရဲ့ အသုံးဆောင်စရိတ် မလိုတော့သလို လုပ်သားတွေလည်း လျော့ချထားတာမို့ အပိုဝင်ငွေလေး ထွက်လာ၏ ။

သို့ပေမဲ့ လက်ရှိ လုပ်သားများကတော့ နှစ်ဆပင်ပန်းသည်။ မြတ်နိုးအောင်လည်း ဝိုင်းကာ ကူပေးတာကြောင့် ပင်ပန်းကြသော်လည်း စောဒကတက်ခြင်းတော့မရှိပေ။

' အလုပ်တွေရှုပ်နေလား? ´

ကိုစိုးကြီးအိမ်ရှေ့က ထိုင်ခုံမှာ စာရင်းလုပ်နေသော မြတ်နိုးအောင် အနားသို့ ဇေယျာထူး ထိုင်လိုက်ပါ။

မြတ်နိုးအောင်က လုပ်လက်စအလုပ်တွေကို ခဏနားပြီး ဇေယျာထူးဘက်ကိုလှည့်ကြည့်လိုက်သည်။
ယခင်ကလို ဟော့ရမ်းခြင်းမရှိသော်လည်း လျှာဖျားမှာတပ်ထားသော စိန်လေးနှင့် နားကပ်ကိုတော့ ယခုထိ ဝတ်ဆင်ထားဆဲဖြစ်သည် ။
အရမ်းလည်း ချစ်ဖို့ကောင်းပါ၏။

' မရှုပ်ပါဘူး ´

' မရှုပ်ဘူးလို့သာပြောတာ ကျွန်တော့်ကို အချိန်မပေးတာကြာနေပြီ ´

နှုတ်ခမ်းလေး စူကာ တစ်ဖက်ကို အကြည့်လွှဲသော ဇေယျာထူးကြောင့် မြတ်နိုးအောင် ကြည့်နူးစွာပြုံးလိုက်မိသည်။
ဒီလိုအပြုအမူလေးတွေက သူ့အတွက် သီးသန့်ထွက်ပေါ်လာသော ဇေယျာထူး၏ အမူအကျင့်များပင်ဖြစ်သည်။

' ကိုယ် အချိန်ပေးလို့ပဲ ဇေနဲ့စကားပြောနေတာလေ ´

' ​ေဩာ်.....လူကိုယ်တိုင်လာတွေ့တာတောင် စကားမပြောချင်ရင် .....´

ဇေယျာထူး ဆက်မပြောနိူင်တော့ပါ ။ ရင်ထဲက ဝမ်းနည်းမှုတွေက လည်ပင်းအထိ စို့တက်လာ၏ ။
ဝေ့သီလာသော မျက်ရည်တို့ကို အောက်မကျအောင် မျက်တောင်ဖြင့် ပုတ်ခတ်ကာ သိမ်းဆည်းလိုက်ရင်း ......

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now