Chapter - 2 (U+Z)

17.6K 2.3K 62
                                    

//Unicode//

အခန်း-၂ (​ရွေးချယ်​၊နေရာချထားခြင်း)

စုလင်းက တံခါးကို စေ့စေ့ကြည့်​နေလိုက်မိသည်။ သူ အိပ်ရာမှ ထပြီး တံခါးကိုဖွင့်ကြည့်ရန် ကြိုးစားသော်လည်း မဖွင့်နိုင်ခဲ့ပေ။ ထို့နောက် သူ့ဘယ်ဘက်လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်​တော့ အဖြူရောင်ပိတ်ကျဲစ​ပေါ်တွင် စွန်းထင်းနေသောသွေးများက အလွန်ထင်ရှားနေ​ပေသည်။ တစ်ချိန်တည်းမှာပင် သူ ချွန်ထက်သည့်အရာနဲ့အထိုးခံထားရသည့် နာကျင်မှုမျိုးကို ခံစားလိုက်ရသည်။

သူ ဒီမှာ မနေနိုင်ဘူး။ဒီအမျိုးသမီးက ရူးနေတာ။

​နေရာမှာပဲ မတ်တပ်ရပ်​နေရင်း အရာအားလုံးကိုအမှတ်တမဲ့ စဉ်းစားလိုက်ပြီး စုလင်း အသက်ပြင်းပြင်းရှူလိုက်ကာ သူယူလာသောဆေးနှင့်ပိတ်ကျဲစများကို ယူပြီး ပြတင်းပေါက်ဘေးရှိ စားပွဲဆီသို့​လျှောက်လာလိုက်သည်။ သူ ဆေးကို ကောက်ယူပြီး ညွှန်ကြားချက်များကို ဖတ်ရင်း ​ခွေး​ခြေခုံ​​လေးကို ဆွဲထိုင်လိုက်ကာ ပတ်တီးကိုဖယ်ရှားလိုက်သည်။

ဒဏ်ရာ ​ပေါ်လာသောအခါ သူ ဂရုတစိုက်​ ကြည့်လိုက်ရာ ထိုဒဏ်ရာသည် သေကြောင်းကြံစည်မှု​ကြောင့် ဖြစ်လာသည်မှာ သေချာသည်။ သူ နှုတ်ခမ်းကို သပ်လိုက်ပြီး ပတ်တီးမလဲခင် ဆေးကို သေသေချာချာလိမ်းလိုက်သည်။

ဤမူလခန္ဓာကိုယ်သည် ၁၇ သို့မဟုတ် ၁၈ နှစ်သာရှိသေးပုံရသည်။ သူ့လိုက​လေးမျိုးက ဒါမျိုးကို လုပ်ဖို့ဆိုတာ သူ တော်​တော်ကို စိတ်ညစ်စရာအ​တွေ့အကြုံ​တွေ ရင်ဆိုင်ခဲ့ရတာ သိသာလှသည်။ ဒါ့အပြင် ဒီလိုမိထွေးနဲ့ဆို​တော့ ပျော်ရွှင်ဖို့ မဖြစ်နိုင်ပါ​ချေ။ သူ ပတ်တီးစည်းပြီး​တော့ အိပ်ရာဆီ ​လျှောက်လာလိုက်သည်။ သူ ထိုအမျိုးသမီးပစ်​ပေးသွား​သောစာရွက်ကို ယူပြီး သေသေချာချာဖတ်ကြည့်လိုက်သည်။

Omegaများ၏လက်ထပ်မှုကို စနစ်ဖြင့်​ ​ရွေးချယ်၊နေရာချထား​ရေး ​လျှောက်လွှာ: မျိုးဗီဇဘဏ်တွင် ထိန်းသိမ်းထား​သော သင့်ရဲ့ မျိုးဗီဇနှင့် ကိုက်ညီသည့် Alpha ကို System မှ ​ရွေးချယ်​ပေးပါမည်။ တွဲဖက်ခြင်း​ အောင်မြင်ပြီး​နောက် ထိုAlpha သည် သင်ဖြည့်သွင်းထား​သောလိပ်စာသို့ ၃ရက်အတွင်း လာ​ရောက်​ခေါ်​ဆောင်ပြီး သင်နှင့်အတူ လက်ထပ်ခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်​ကို ​ဆောင်ရွက်ပါမည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now