Chapter - 32 (U+Z)

11.8K 2.1K 141
                                    

//UNICODE//

အခန်း ၃၂ - [ရိတ်သိမ်းခြင်း]

စုလင်း ခုန​လေးတုန်းက သတင်းထောက်ရဲ့မေးခွန်း​တွေကို ကြားလိုက်​သော်လည်း အ​ခြေအ​နေ​တွေက ရှုပ်​ထွေး​နေ​သောကြောင့် အ​​သေးစိတ်မကြားလိုက်ရ​ချေ။ ဆူးနီ​ဘောလုံးပင်က အဓိကပဲ ဆိုတာသာ ကြားလိုက်ရသည်။ ကားပါကင်သွားတဲ့လမ်းတွင် စုလင်း ​ခေါင်း လှည့်ပြီး

"ဘာ​တွေဖြစ်​နေတာလဲ  လေး​လေး သိလား?"

နာလူး: "သူတို့ အပြင်မှာ ​ပြော​နေကြတာ​တော့ ငါကြားလိုက်တယ်။ ဥက္ကဋ္ဌကု ရဲ့အ​မေ သခင်မကုက ဒီ​​နေ့မနက် Boyan မှာ ပို့စ်တစ်ခု တင်ခဲ့တယ်တဲ့။ နလန်ပြန်ထူလာတဲ့ အထိမ်းအမှတ်နဲ့ ၇ရက်​​နေ့ သူ့​မွေး​နေ့ပွဲတက်ဖို့ သူ့အသိအကျွမ်း​တွေအကုန်လုံးကို ပန်းစည်းဖိတ်စာပို့ခဲ့တယ်တဲ့"

[ Boyan [1] သည် Planet Belle ၏အကြီးဆုံးလူထုဆက်ဆံရေးပလက်ဖောင်းဖြစ်သည်။  ဤခန္ဓာကိုယ်ပိုင်ရှင်သည် Boyan တွင်အကောင့်တစ်ခုရှိသော်လည်းပရိသတ်လုံးဝမရှိသောအပြင်ဇာတ်လိုက် gong ​ရှောင်းရွိ ကိုသာ follow လုပ်ထားခဲ့သည်။ စုလင်း သူ့ကိုယ်သူ interface နှင့်ရင်းနှီးကျွမ်းဝင်ပြီးနောက်မှ ​ရှောင်းရွိကို unfollow ပြီး ကုလီဟန်နဲ့ ကုမိသားစုကို followခဲ့သည်။]

သတင်းထောက်ရဲ့မေးခွန်းကိုစဉ်းစားလိုက်ရင်း စုလင်း ​မေးလိုပ်သည်။

"သခင်မကုရဲ့ ​ရောဂါက ကုရ ခက်လား?"

နာလူး:"

Nalu: "Pheromone rejection (pheromone ငြင်းပယ်ခံရခြင်း)​ရောဂါဆိုတာက A O ​တွေမှ အဖြစ်များတယ်။ အဓိက​တော့ O​တွေ​ပေါ့။ သာမန် rejection မျိုးဆိုရင်​တော့ ကုဖို့လွယ်ပါတယ်။ ဒါ​ပေမဲ့ သခင်မကုလို ​ရောဂါမျိုးကို လုံးဝ အပြည့်အဝ​ပျောက်ကင်း​အောင် ကုသနိုင်တာ​တော့ ဒါပထမဆုံးပဲ"

သူတို့ ကားပါကင်ဆီ​ရောက်​​​သောအခါ နာလူးက ထိန်းချုပ်ခလုတ်ကို နှိပ်လိုက်သည်။ ကားရဲ့ ယာဥ်​မောင်းခုံမှ တံခါး​ကော၊ ခရီးသည်တင်ခုံမှ တံခါး​ကော တစ်ချိန်တည်း ပွင့်သွားရာ သူတို့၂ဦး ကားထဲ ဝင်ထိုင်လိုက်သည်။

သိပ်နားမလည်​သေးသည့် စုလင်းက ထပ်​မေးပြန်သည်။

"အရင်တုန်းက သခင်မကု​ရောဂါ အရမ်းဆိုး​နေခဲ့တာလား?"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now