Chapter - 24(U+Z)

11K 1.9K 201
                                    

//UNICODE//

အခန်း ၂၄ - ပြန်လည်မွေးဖွားခြင်း

ထိုစကားများကြောင့် စုလင်း အံ့အားသင့်သွားကာ မျက်ဝန်းများ ပြူးကျယ်လာပြီး ​ကျောင်း​ချီကို အမြန်လှည့်ကြည့်လိုက်သည်။ ​ကျောင်းချီက သူ့ကို စိုက်ကြည့်​နေခဲ့ပြီး သူ့နှုတ်ခမ်းများက ဖြူဖျော့ကာ အနည်းငယ် တုန်ရီ​နေခဲ့သည်။ သူတို့ မျက်လုံးချင်းဆုံသွားချိန်တွင် ​ကျောင်းချီက အလွန်အမင်း ​ကြောက်ရွံ့​နေသကဲ့သို့ မထိန်းချုပ်နိုင်ဘဲ ​နောက်ကို ​ခြေတစ်လှမ်းဆုတ်သွားသည်။

စုလင်း:"......"

ဒီ​ကောင်က သူ့ကို မ​ကောင်းဆိုးဝါးဝိညာဥ်လို့များ ထင်​နေတာလားဟ

စုလင်း ညာဘက်မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ပြီး

"မင်းငါ့ကို ကျိန်ဆဲ​နေတာလား?"

စုလင်း သူ့ပါး​ဖောင်း​ဖောင်း​လေးကို လက်ညိုးဖြင့် ညွှန်ပြလိုက်ပြီး ​ကျောင်းချီရဲ့မျက်နှာကို တစ်ခါပြန်၍ လက်ညိုးဖြင့် ချိန်ရွယ်လိုက်သည်။

"ငါကမှ မင်းထက် အများကြီးပို ကျန်းမာတဲ့ပုံ​ပေါက်​နေ​သေးတယ်။ မင်းလည်း အသက်ရှင်​နေ​သေးတာပဲ​လေ"

​ကျောင်းချီက သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် မေးလာသည်။

"မင်း ဘယ်သူလဲ? မင်း..."

သူက အလွန်​ကြောက်ရွံ့တုန်လှုပ်​နေဟန်ဖြင့် လျင်မြန်စွာ ​ပြောလာပြန်သည်။

"မင်း ကိုယ့်ကိုကိုယ် ​သေ​ကြောင်းကြံစည်မှုမှာ​သေသွားတာ အသိသာကြီးကို!",

​ကျောင်းချီရဲ့ ဖြူ​​ဖျော့​နေသည့် မျက်နှာကိုကြည့်ရင်း စုလင်းစိတ်ထဲမှာ "ပြန်လည်​မွေးဖွားခြင်း"ဆိုသည့် စကားလုံးကြီး​ပေါ်လာသည်။ သူက တည်ငြိမ်​အောင် ထိန်းလိုက်ပြီး စိတ်ရှုပ်​ထွေးကာ နားမလည်သည့်အမူအယာ လုပ်လိုက်သည်။

"မင်း​ဆေးရုံမှာ ကုသမှုခံနေတဲ့အချိန်တုန်းက ငါ့ကို အိမ်မက် မက်ခဲ့တာလား? ငါတို့က အတန်း​ဖော်​တွေပဲ​လေ။ အဲ့​တော့ မင်းငါ့အ​ကြောင်း​တွေးမိရင် ငါမင်းအိမ်မက်​ထဲမှာ ​ပေါ်လာမှာပဲ။ ငါတို့ကြားမှာ တစ်ခါတစ်​လေ အဆင်မ​ပြေတာ​လေး​တွေရှိခဲ့​ပေမယ့် မင်းငါ့ကို ​သေ​စေချင်​နေမယ်လို့တော့ မထင်ခဲ့ဘူး"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now