Chapter -33_1(U+Z)

12.1K 2K 77
                                    

//Unicode//

အခန်း ၃၃ - [ဖိတ်ကြားချက် ၁]

နာလူးက တံခါးနားမှာ လူအုပ်ကြီးကို တားရင်း

"​တောင်းပန်ပါတယ်။ ကျွန်​တော်တို့ ဆိုင်မဖွင့်​သေးပါဘူး။ ဝန်ထမ်းမဟုတ်တဲ့သူ​တွေ အထဲကို ဝင်လို့ မရပါဘူး"

​ရှောင်ပင်းနဲ့ စားပွဲထိုး​တွေ​ အ​ပြေးအလွှား ရောက်လာပြီး နာလူးကို ကူကာ တံခါးပိတ်လိုက်သည်။ သတင်း​ထောက်တစ်​ယောက်က နာလူး ဆိုင်တာဝန်ခံဖြစ်ပုံရသည်ကို သတိထားမိကာ အင်တာဗျူး​တော့သည်။

"ဆူးနီ​ဘောလုံးပင်က တကယ်ပဲ ဒီဆိုင်မှာ ရှိတာလား?"

နာလူး:"ဟုတ်ပါတယ်"

သူက ပွင့်ပွင့်လင်းလင်းပဲ ​ဖြေလိုက်သည်။

"​နောက်ထပ် ​မေးစရာမလို​ဘူး။ ကျွန်​တော်တို့ ဆူးနီ​ဘောလုံးပင်ကို ရောင်း​နေတာ မဟုတ်ဘူး"

သူ့ရဲ့ပွင့်လင်းမှု​ကြောင့် ထိုသတင်း​ထောက် ဆို့နင်သွားစဥ် ​ဘေးက လူတစ်​ယောက်က ထပ်​မေးသည်။

"ငါတို့ ကြည့်လို့ရလား?"

နာလူး:"ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်​တော် ဆုံးဖြတ်ချက်ချလို့မရပါဘူး။ စိတ်မ​ကောင်းပါဘူး၊ ကျွန်​တော်တို့ ဆိုင်ဖွင့်ဖို့ ပြင်ရဦးမှာမလို့ ​​ကျေးဇူးပြုပြီး အလုပ်ကို မထိခိုက်ပါ​စေနဲ့"

ယခုအချိန်တွင်​တော့ ဆိုင်ဝန်ထမ်းများ စုံပြီမို့ နာလူး အဓိက တံခါးကို လုံးဝ ​သော့ခတ်ပစ်လိုက်သည်။

"မန်​နေဂျာ Aအဆင့်စိတ်ဝိညာဥ်ပင်က တကယ်ကြီး ကျွန်​​တော်တို့ဆိုင်မှာလား? ဒီ​နေ့ လူတိုင်းက ကျွန်​တော့်ကို ဒါပဲ လိုက်​မေး​နေကြတာ"

"ကျွန်​တော်ကောပဲ။ ကျွန်​တော် ဒီမှာ အလုပ်လုပ်တာ သိတဲ့လူ​တွေက ဇွတ်​မေး​နေ​တော့တာပဲ။ ဒါ​မဲ့ ကျွန်​တော်ဖြင့် တစ်ခါမှ မမြင်ဖူးဘူး"

ဝန်ထမ်း​တွေက နာလူးကို သိချင်စွာ ​မေး​နေကြသည်။

နာလူး:" ဟုတ်တယ်။ဒါ​ပေမယ့် အဲ့ဒါက ဆိုင်ရှင် ပိုင်တာ ဆိုင်ရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘူး။"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now