Chapter - 62

3.2K 391 48
                                    

/Unicode/

အခန်း ၆၂ - စုံစမ်းစစ်ဆေးရေး

ကုလီဟန် ထိုသို့​ပြောပြီး​နောက် စုလင်းကို စိတ်ဝိညာဥ်ပင် အခန်းဆီ ​ခေါ်သွားသည်။ ၃မိနစ်ကြာပြီးတဲ့​နောက် ရှန်းမိုယွီဟာ လသာ​ဆောင်အနီးရှိ မာစတာအိပ်ခန်း​ဘေးတွင် ​နေရာယူ​လျက် သင်းပျံ့​သော မွှေးရနံ့များ ပျံ့လွင့်​နေသည်။ သူ့၏ အမြစ်များကို အာဟာရ​ပျော်ရည်ထဲ နှစ်မြှုပ်ထားပြီး သူငယ်ချင်း​တွေနဲ့အတူတူ ကာတွန်းကား ကြည့်​ကာ ​ပျော်ရွှင်​နေ​လေသည်။

ကုလီဟန် စုလင်းကို ရင်ခွင်အတွင်း​ ထည့်ကာ အသာပွေ့ဖက်ထားသည်။သူတို့၏ Isolatorများကိုလည်း ဖယ်ရှားထား​သော်ငြား သူတို့ဟာ phermones များ၏ သက်​ရောက်မှုကို မခံရ​ပေ။ သူတို့နှစ်ဦးသား၏ လိုက်ဖက်မှုနှုန်းဟာ အတန်ပင် မြင့်မား​​သည့်အပြင် ပြီးခဲ့သည့်ညကလည်း ရင်းနှီးသည့်လှုပ်ရှားမှုများ ပြုလုပ်ခဲ့စေကာမူ ရှန်းမိုယွီ၏ ​ရနံ့က လွှမ်းခြုံထားသဖြင့် အ​ခြေအ​နေမှာ တည်ငြိမ်​နေ​ပေသည်။
စုလင်း ကုလီဟန်၏ ပုခုံး​ပေါ်မှာ ​ခေါင်း​လေး​မှေးတင်ပြီး အသာအယာသက်ပြင်းချလိုက်ချိန်တွင် မျက်ဝန်း​ထောင့်​လေး​တို့ ​ကွေးညွှတ်သွားသည်။

"သက်​တောင့်သက်သာရှိလိုက်တာ"

သူ့ဂလန်း​တွေဟာ မည့်သည့်အရာနဲ့ ဖုံးအုပ်ထားခြင်း မရှိ​သည့်အပြင် သူ့နတ်ဘုရားနဲ့အတူ ​ပွေ့ဖက်​နေရခြင်းကလည်း အရမ်း​ကောင်းလှသည်။

ကုလီဟန်က သူ့ရဲ့ နက်​မှောင်​နေသည့်ဆံပင် ပွပွ​လေး​တွေကို အသာပွတ်သပ်​နေ​လေသည်။ စုလင်း စိတ်ထဲတွင် ပါးပါးရှန်းရဲ့ စွမ်းအားကို ​တွေးမိကာ သ​ဘောတကျ သက်ပြင်းချမိသည်။ ရုတ်တရက် တစ်ခုခုကို​တွေးမိလိုက်သည့်အတိုင်းပင် စုလင်း သူ့ရဲ့ နတ်ဘုရားဘက်လှည့်ကာ ပြုံးပြလိုက်ပြီး

"တကယ်​တော့ တခြားနည်းရှိ​သေးတယ်"

ကုလီဟန် လှုပ်ရှားနေသည့် လက်​ချောင်းများရပ်တန့်သွားပြီး ​မေးရိုးများတင်းခနဲ ဖြစ်သွားရသည်။ စုလင်း ဆိုလိုတာကို သူသိ​ပေသည်။

စုလင်းက ဆက်​ပြောသည်။

"တကယ်လို့ ကျွန်​တော်တို့ တစ်သက်တာအမှတ်အသား​ပေးလိုက်ရင် ကျွန်​တော်တို့ရဲ pheromone​တွေက estrus နဲ့ အထိအခိုက်မခံနိုင်တဲ့ကာလအတွင်းက လွဲပြီး တည်ငြိမ်သွားလိမ့်မယ်။ ပြီး​တော့ အဲ့ဒီလိုတည်ငြိမ်​သွားတာက ကျွန်​တော်တို့ နှစ်​ယောက်ကြားတင်မကဘူး တခြား AO pheromones ​တွေကို ရှူမိတဲ့အချိန်​တွေမှာပါ သက်​ရောက်နိုင်စွမ်းရှိတယ်​"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now