Chapter - 58 (U+Z)

15.6K 1.5K 126
                                    

UNICODE

အခန်း ၅၈ - စမ်းသပ်မှု

ရှန်းမိုယွီ သဘောတူတာကို မြင်တော့ စုလင်းမရယ်မိဘဲ မ​နေနိုင်​တော့​ချေ။ သူ အမြစ်ကို ကိုင်ကာ ခပ်ဖွဖွ ညှစ်လိုက်ပြီး

"ကြယ်ဒင်္ဂါးတွေကို သိပ်ကြိုက်တာပဲလား?"

ပါဝင်ခ ရမယ် ကြားတာနဲ့ ချက်ချင်း တန်းသ​ဘောတူလိုက်ရ​အောင်​ထိ​ပေါ့

အမြစ်များသည် အတက်အဆင်း လှုပ်ရှားကြသည်။

ငါ့မှာ ပိုက်ဆံရှိရင် ငါ့သားကို ပြုစုပျိုးထောင်နိုင်တယ်!!

စုလင်း: "မင်းပေးထားတဲ့ ကုန်ကြမ်းတွေက ​ငွေအများကြီးနဲ့ ရောင်းနိုင်တယ်။ မင်း ကြယ်ဒင်္ဂါးတွေကို ကြိုက်တယ်ဆိုရင် ကုန်ကြမ်းတစ်ချို့ကို မင်းအတွက် ငွေသား ပြောင်းပေးစေချင်လား?"

ရှန်းမိုယွီရဲ့ အာရုံအားလုံးက 'ငွေများစွာဖြင့် ရောင်းနိုင်သည်' ဟူ​သော စကား​ပေါ်မှာရှိ​တေတာ​ကြောင့် ကျန်စကားများကို လုံးဝ မကြား​တော့​ပေ။ အမြစ်ထိပ်ဖျားကို ​တောင့်တင်းကာ အမြစ်​တွေအများကြီးက လေထဲတွင် ပျော်ရွှင်စွာ ဝှေ့ယမ်းနေကြသည်။

"ဟာဟားဟား၊ မင်းကြားလား"

ရှန်းမိုယွီက သူ့သူငယ်ချင်း​လေးကို ကြွား​တော့သည်။

"ငါ့အဆိပ်ကို ပိုက်ဆံ​တွေ အများကြီးနဲ့ ရောင်းလိုက်တာတဲ့!"

လုံ​မော့ထန်: "အရူး၊ မင်းပဲ ဘာမှ မရောင်းဘူးလို့ စောစောက ပြောခဲ့တယ် မဟုတ်လား"

"အင်းး  ပြီးခဲ့တဲ့ ရက်နည်း​နည်း​လောက်တုန်းက ​နေရာလွတ်ထဲမှာ ငါ​တွေ့ခဲ့တယ်​လေ ဟဟဟ"
[TN- ဒီနား me နားမလည်ပါ daddy ရှန်းမိုယွီက ဘာကို​တွေ့ခဲ့တယ်လို့​ပြောချင်မှန်း me မသိပါ🤧]

ရှန်းမိုယွီက အူမြူး​နေလျက်

"တကယ် အံ့သြစရာကောင်းတာပဲ"

ရှန်းမိုယွီ အရမ်းပျော်နေသည်ကိုမြင်တော့ စုလင်းက သူအချိန်ရတာနဲ့ ​ငွေနည်းနည်း​လောက်လဲဖို့ ဆုံးဖြတ်လိုက်သည်။ ထို့​နောက် ​ရေပန်းစား​နေ​သော သိပ္ပံ​ရေးရာ ပရိုဂရမ်းရဲ့ ဒါရိုက်တာဝမ်ထံ စာတစ်​​​စောင်​ပေးပို့လိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now