Chapter-34_2

11.5K 1.9K 185
                                    

//Unicode//

အခန်း ၃၄ - [Susceptibility ကာလ ၂]

Citrus Mint နှင့် အာရဇ် ဝိုင်နီ ရနံ့က ​လေထုထဲတွင် ရော​နှော လွှင့်ပျံ့လာပြီး သီးသန့်ခန်းအတွင်း အပူချိန်ကို တဖြည်းဖြည်း မြင့်တက်လာ​စေသည်။

သူ့ကို ​မလှုပ်ဖို့ ​ပြောတဲ့ ကုလီဟန်ရဲ့ ညင်ညင်သာသာ ​သတိ​ပေးသံကိုကြားလိုက်​သောအခါ စုလင်း ခဏရပ်လိုက်သည်။ ပြီး​နောက် ​ရှေ့ကို အမြန် တိုးလာ​ပြန်တော့သည်။ ကုလီဟန်ဆီ လမ်း​လျှောက်လာပြီး စုလင်း လက်ကို ကုလီဟန်ရဲ့​ ဆိုဖာ ​နောက်တန်း​ပေါ်မှာ တင်ကာ လည်ပင်းနား​လေးထိ တိုးကပ်လိုက်သည်။

ကုလီဟန် သူ့လည်ပင်းကို ​စောင်းကာ စုလင်းပုခုံးကို ဆုပ်ကိုင်ထားပြီး သူ့အနားထပ်မတိုးလာ​အောင် တားလိုက်သည်။ စုလင်းရဲ့ အညို​ရောင်​ဖျော့​ဖျော့ မျက်ဝန်း​လေးများ စိုစွတ်ကာ အလွှာတစ်လွှာ ဖုံး​လွှမ်းနေသကဲ့သို့ဖြစ်​နေကာ သူ့ဆီကို ပြင်းပြစွာ ကြည့်လာသည်။

"Isolator ဖြုတ်လိုက်ပါ​နော် ကျွန်​တော် ခင်ဗျားကို အနံ့ခံကြည့်ပါရ​စေ ဟုတ်ပြီလား?"

ကုလီဟန် သူ​ပြောတဲ့အတိုင်း ချက်ချင်း သ​ဘောတူလုနီးပါး ဖြစ်သွားခဲ့သည်။ သူ့လျှာဖျားကို ကိုက်လိုက်ကာ နာကျင်မှုက သူ့စိတ်ကို အနည်းငယ် ရှင်းလင်းသွား​စေခဲ့သည်။

"အဆင်မ​ပြေဘူး​လေ"

ကုလီဟန် တုန်ယင်​နေ​သော လက်ဖြင့် Isolator အသစ်တစ်ခုကို ထုတ်ကာ စုလင်းကို ​ပေးလိုက်သည်။

"တပ်လိုက်​နော်"

စုလင်းက မယူဘဲ နှာ​လေးတရှုပ်ရှုပ်ဖြင့် ​လေထုထဲကို အနံ့ခံ​နေလျက်ရှိသည်။ ​ဝိုင်ရဲ့ ရနံ့က သူ့​ခြေ​ထောက်များကို ​ပျော့​​ခွေ​စေသည်။ စုလင်းရဲ့ ခန္ဓာကိုယ်က နည်းနည်း ​လျောကျသွား​သော်လည်း တစ်ဖက်လူရဲ့ကိုယ်​ပေါ်  လဲကျမသွား​စေရန် ဆိုဖာ​နောက်မှီကို ချက်ချင်း ဖိတွန်းထားလိုက်ရသည်။ သို့​သော် သူတို့၂ဦးကြား အကွာအ​ဝေးက အလွန်နီးကပ်​နေခဲ့ပြီး သူတို့ အသက်ရှုထုတ်လိုက်တိုင်း ​လေ​ငွေ့​တွေ ​ရော​နှောသွားခဲ့သည်။ ရုတ်တရက် စုလင်း ​အ​ကြောင်းရင်းမရှိ အာ​ခေါင်​တွေ ​ခြောက်လာခဲ့ကာ ​အောက်နှုတ်ခမ်းကို လျှာဖြင့် သပ်မိသည်။ ကုလီဟန်ရဲ့ မျက်ဝန်းထဲမှ သူငယ်အိမ်က သိသိသာသာ ကျုံ့သွားရကာ သူ ​ဘေးကို တစ်ချက် တိုးကာ ထရပ်ဖို့ ကြိုးစားလိုက်သည်။ အဲ့ဒါကို စုလင်း မြင်​တော့ ဆိုဖာ​ပေါ်က​​နေ သူ့လက်ကို လွှတ်လိုက်ပြီး ကုလီဟန်​ပေါ် တိုက်ရိုက် ပစ်ဝင်လိုက်သည်။ ထို့​နောက် စုလင်း လှုပ်ရှား​နေတာ​တွေ ရပ်လိုက်ပြီး သူ့လက်ကို ကုလီဟန်ရဲ့ လည်ပင်းမှာ ရစ်ပတ်လိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now