Chapter - 43.2 (U+Z)

10.7K 1.9K 102
                                    

//UNICODE//

Chapter 43.2- သွေးအန်ခြင်း

လူငယ်သည် အဖြူရောင်ရှပ်အင်္ကျီနှင့် အပြာရောင် ​ဝေ့စ်ကုတ် အတို​လေး ၀တ်ထားခဲ့သည်။ သူ့အဝတ်အစားက သူ့ကို အရပ် ပိုရှည်သွားသ​ယောင် ဖြစ်စေပြီး ခါးနဲ့ ခြေထောက်တွေကိုလည်း သွယ်လျသွား​စေသည်။ အပြာရောင် ကတ္တီပါ ဖဲစည်းလေးကို လည်ပင်းမှာ ချည်နှောင်ထားတာက သူ့ကို သွက်လက်တက်ကြွသည့် ခံစားချက်ကို တိုးစေသည်။ အရောင်တူ စိန်လက်ကြယ်သီး​လေး​တွေက သူ့လက် လှုပ်ရှားလိုက်တိုင်း တဖျတ်ဖျတ်လက်​နေခဲ့သည်။ အနက်ရောင်ဆံနွယ်များကို သပ်သပ်ရပ်ရပ် ဖြီးသင်ထားပြီး သူ့ရဲ့ နူးညံ့သောအသွင်အပြင်ဟာ အတားအဆီးမရှိ​တောက်​ပ​နေသည်။ ခြုံ​ပြောရလျှင် ယ​နေ့ညအတွက် သူ့ရဲ့စတိုင်ဟာ လွန်ကျူးစွာ ဂုဏ်​ဖော်ထားခြင်းမရှိ​သော်လည်း အထက်တန်းကျ ​နေသည်။ ​ကောင်ငယ်​လေးရဲ့ ညို​ဖျော့ဖျော့မျက်ဝန်းများဟာ ညမီး​ရောင်အောက်တွင် ပိုတောက်ပနေပုံရပြီး တမူထူးခြား​နေသည်မှာ Alpha တို့ရဲ့ အနိုင်ယူ၊ အပိုင်သိမ်းလို​သော စိတ်ဆန္ဒတို့ကို နှိုးဆွ​​ပေး​နေသလိုပင်။

ကုလီဟန်တစ်​ယောက် သူ့အနားက တတွတ်တွတ် စကား​ပြော​နေကြသည်ကို နားထောင်ရင်း အနည်းငယ် မျက်မှောင်ကြုတ်မိကာ သူ့အမူအရာကလည်း ပိုလေးနက်လာသည်။

ကောင်ငယ်​လေးက ​ရှောင်းရွိ နဲ့ လိုက်လာတာလား?

သို့သော်လည်း ​ရှောင်းရွိနဲ့လင်းမန်က ထိုအခိုက်အတန့်မှာ တစ်​ယောက်နဲ့တစ်​ယောက် ရင်းနှီးစွာ ပြုမှုဆက်ဆံ​နေကြပြီး ​ထို​ကောင်ငယ်​လေးက အနည်းငယ် ကို့ရို့ကားယား အဆင်မပြေသည့်အခြေအနေတွင် ရှိနေခဲ့သည်။ ကုလီဟန်ရဲ့ အမူအရာ ပိုမည်း​မှောင်လာခဲ့သည်။ သူ(SL) က ​ရှောင်းရွိနဲ့ ဘာမှမဆိုင်ဘဲ လင်းမန်နဲ့ ​ရှောင်းရွိက ချစ်သူ​တွေဆိုတာကို သူက သိ​နေသော်လည်း သူ(GLH) လူငယ်လေးအတွက် စိတ်မကောင်းဖြစ်​နေခဲ့ရုံမှလွဲ၍ ဘာမှ ကူညီမ​ပေးနိုင်​သေး​ပေ။ ဒီတစ်​ခေါက်တွင်တော့ တကယ့် အ​ကြောင်းအရာကို သူသိ​နေပေမယ့် နောက်တစ်​ခေါက်ရော?။
အနာဂတ်မှာ ​​ကောင်ငယ်​လေးနဲ့ ​တွေ့ဆုံလာမယ့်လူ​တွေက ​ကောင်ငယ်​လေးကို ​မုချ မလှည့်စား ဒါမှမဟုတ် သစ္စာမ​ဖောက်ဘူးဆို သူ(GLH) ​သေချာပါရဲ့လား?

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now