Chapter - 40 (U+Z)

10.9K 2.2K 237
                                    

//UNICODE//

အခန်း ၄၀ - Nightshade

​ရှောင်းရွိ ကုလီဟန်ရဲ့ ဖုန်း​​ခေါ်ဆိုမှု လက်ခံရတဲ့အခါ အလွန် ဇ​ဝေဇဝါ ဖြစ်သွားရသည်။ ​ရှောင်းမိသားစုနှင့် ကု မိသားစုကြားတွင် စီးပွားရေးလုပ်ငန်းများစွာရှိသော်လည်း သူနှင့် ကုလီဟန်သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးလုံးဝမရှိပါ​ချေ။ အဆုံးတွင်တော့ သူတို့ချင်း အသက်အရွယ်က တော်တော်ကွာခြားသည့်အပြင် ကုလီဟန်ကလည်း စကားနည်းကာ တုံဏှိဘာ​ဝေ ​နေတတ်သူ ဖြစ်ပြန်သည်။ Belle မြို့​တော်ရှိ နာမည်ကြီး မိသားစုများမှ ဒုတိယမျိုးဆက်များစုဝေးရာ ပွဲများလည်း ကုလီဟန် တစ်ခါမှ မတက်ရောက်ခဲ့ဖူး​ပေ။ ထို့ကြောင့် ကုလီဟန်က သူလုပ်တဲ့ စု​ဝေးပွဲကို တက်ဖို့ မိမိအား ဖိတ်ကြားလာမည်ဟုလည်း မ​မျှော်လင့်ထားတာ​ကြောင့် အံအားသင့်ခဲ့ရခြင်းပင်ဖြစ်သည်။ သို့​သော် သဘာဝကျစွာပင် သူ မငြင်းခဲ့ဘဲ အ​ဖော်ခေါ်မလာဖို့လည်း သ​ဘောတူလိုက်သည်။ သူတို့ Group chatက သူငယ်ချင်း​တွေကို ထိုသတင်း ​ပြောပြပြီး​နောက် စကား​ပြောခန်းက အချိန်အ​တော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ တစ်​ယောက်ကဆိုလျှင် ကုလီဟန်ရဲ့ လက်​ကောက် ​ဖောက်ထွင်းခံရတာဟုပင် သံသယဝင်သွား​လေသည်။

​ရှောင်းရွိ ​ပြောစရာစကားမဲ့သွားခဲ့ပြီး အ​လေးအနက်ထား ​ပြောလိုက်သည်။

"ဖုန်း​ခေါ်တာ။ အသံက ဥက္ကဋ္ဌ အသံ။ အဲ့​တော့ မင်းတို့​ကောင်​တွေ လာကြမှာလား ​ပြော"

"​သေချာ​ပေါက်​ လာမှပေါ့ဟ"

ဒုတိယမျိုးဆက်အုပ်စုသည် စူးစမ်းလိုစိတ်များစွာဖြင့် ဝမ်းသာအားရ လာဖို့ သ​ဘောတူလိုက်ကြသည်။

ဥက္ကဋ္ဌကုက  ရုတ်တရက် မိတ်​ဆွေ သူငယ်ချင်းဖွဲ့ဖို့ စိတ်ကူး​ပေါက်သွားတာဖြစ်နိုင်သည်။ ဒီလိုအခွင့်အ​ရေး​ကောင်းကို ဘယ်သူမှ လက်မလွှတ်ချင်ကြ​ပေ။ ​ရှောင်းရွိ၊ ချမ်းသာတဲ့ ဒုတိယမျိုးဆက် ၄​ယောက်၊ စုစု​ပေါင်း ၅​ယောက်ဟာ Nightshade ဘားကို အ​စောကြီး ကြို​ရောက်​နေကြသည်။ Nightshade ဘားပိုင်ရှင်ရဲ့ သားတစ်ဦးဖြစ်သူ  ရဲ့​ရှောက်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ သူ ထွက်မလာခင် တစ်​လျှောက်လုံး ကုလီဟန်ကို ဆိုင်ရဲ့အ​ကောင်းဆုံးဝန်​ဆောင်မှု​ပေးဖို့ သူ့မိဘ​တွေက ထပ်တလဲလဲ သတိ​ပေးခဲ့ကြသည်။ သူတို့ Nightshadeတွင် ဆုံကြချိန်၌ ​ရှောင်းရွိ မိမိ သူငယ်ချင်းများကို ကြည့်ပြီး မ​နေနိုင်ဘဲ ​အော်ရယ်မိ​လေ​တော့သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now