Chapter - 21(U+Z)

11.7K 2K 99
                                    

//UNICODE//

အခန်း ၂၁ - ညအိပ်ရန်

စုလင်း ခန္ဓာကိုယ်တစ်ခုလုံး မျဥ်း​​ဖြောင်း​တစ်​ကြောင်းလိုပင် ​တောင်တင်းသွားသည်။ ကုလီဟန်ရဲ့လက်ကို ကိုင်ထားတဲ့ သူ့ရဲ့လက်​တွေကလည်း မသိလိုက်ဖာသာနဲ့ ပို၍ တင်းတင်း ဆုပ်ကိုင်မိလိုက်သည်။ စိတ်ပိုင်းဆိုင်ရာ တင်းမာမှု​ကြောင့် Pheromones ​တွေထုတ်လွှတ်ချင်​သော်လည်း Isolator နဲ့ ဖုံးအုပ်ထားတာ​ကြောင့် သူ့လည်ပင်းအ​နောက် တစ်ခုလုံး ပြည့်သိပ်တင်းကျပ်လာခဲ့သည်။

ကုလီဟန်က သူတို့ ပတ်ပတ်လည်က သားရဲ​တွေကို တစ်ချက် ကြည့်လိုက်ပြီး သူ့အသံကလည်း တည်ငြိမ်​နေခဲ့သည်။

"သူတို့က အနံ့ရဲ့ ဆွဲ​ဆောင်မှု​ ခံလိုက်ရတာ"

စုလင်းက သူ့အသံ​ကြောင့် သားရဲ​တွေကို လှန့်မိသလို ဖြစ်မှာစိုးတဲ့အတွက် ကုလီဟန်ရဲ့​နောက်​ကျော​နား​လေးအထိ သူ့ကိုယ်သူ နှိမ့်လိုက်ပြီး ​လေသံ​လေးနဲ့ကပ်​ပြောလိုက်သည်။

"ကျွန်​တော် စိတ်ဝိညာဥ်ပင်​တွေ ပြန်ဖယ်လိုက်ရမလား?"

ကုလီဟန် သူ့​နောက်​ကျောဘက်မှ ပူ​နွေးစွတ်စိုတဲ့ ခံစားချက်​သေး​သေး​လေးကို ခံစားလိုက်ရသည်။ ထိုယားကျိကျိ ခံစားမှုက သူ့လက်​မောင်းတစ်​လျှောက်မှ လက်ဖဝါးအထိကို ထုံကျင်သွား​စေခဲ့သည်။ ကုလီဟန်ရဲ့ ပုခုံးနှစ်ဖက်ဟာ လှုပ်ရှားသွားရသည်။

"မလုပ်နဲ့ အနံ့​ပျောက်သွားတာနဲ့ သူတို့ရဲ့အာရုံက ကိုယ်တို့ဆီ ​ရောက်လာလိမ့်မယ်။"

သူတို့၂ဦးဟာ စွမ်းရည်မြင့်မားတဲ့ အစိမ်း​ရောင် ရုပ်ဖျက်ဝတ်စုံကို ဝတ်ဆက်ထားခဲ့​ပေမယ့် စိတ်ဝိညာဥ်ပင်​တွေက သူတို့ရဲ့​ဘေးကပ်ရက်မှာ ဖြစ်သည်။ စိတ်ဝိညာဥ်ပင်​တွေ​ ဆီမှာ အပြည့်အဝ ဖမ်းစားခံ​နေရတဲ့ သားရဲ​တွေရံ့အာရုံစိုက်​နေကြမှု​ကြောင့် ရုတ်တရက်သာ အနံ့​ပျောက်သွားမယ်ဆိုရင် သူတို့၂ဦး ဟာ အရမ်းပဲ သိသာထင်ရှားသွားမှာ ဖြစ်သည်။ ကုလီဟန်က လျင်မြန်စွာပဲ ဆုံးဖြတ်ချက် ချလိုက်သည်။

"၁၀စက္ကန့်​ နေတာနဲ့ ကိုယ်တို့ ပတ်ပတ်လည်ကို မီခိုးဗုံး​တွေ ပစ်လိုက်မယ်။ အဲ့ဒီအချိန်မှာ မင်းက စိတ်ဝိညာဥ်ပင်​တွေကို သိမ်းလိုက်။ ပြီးတာနဲ့ ကိုယ်တို့ ​နောက်တစ်​နေရာ ​ရွေ့ကြမယ်"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now