Chapter - 60

7.4K 929 68
                                    

//UNICODE//

အခန်း 60 - ပွဲဦးထွက် အသွင်အပြင်

ရေကူးကန်နှင့် အားကစားစင်တာသည် တစ်ခုနှင့်တစ်ခု နီးကပ်နေသော်လည်း အဆောက်အဦးပုံစံမှာ လုံးဝကွဲပြား​ပေသည်။ အားကစားစင်တာ၏ပုံစံသည် စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်သည်။  တံခါးဝရှိ စက်လုံးပုံက နှစ်ဖက်လုံးမှ ငေါထွက်နေသောကြောင့် စုလင်းနဲ့ လင်းမန်တို့သည် အလယ်ဗဟို ဝင်ပေါက်ကို လုံးဝ မမြင်ရနိုင်ပေ။  ကံကောင်းထောက်မစွာပင် သူတို့​​နေရာက သိပ်မဝေးလှ​ချေ။ ထို့​ကြောင့် သူတို့ ဘယ်ဘက်တောင်ပံအတိုင်း ပြေးသွားလိုက်​ရာ ဝင်ပေါက်ကို တွေ့လိုက်ရသည်။ သိပ်မနီးမဝေးတွင် Alpha အုပ်စုတစ်စု ရန်ဖြစ်နေကြသည်။

စုလင်း မျက်မှောင်ကြုတ်လိုက်မိသလို လင်းမန်ရဲ့မျက်နှာကလည်း သူ့ထက် ပိုရုပ်ဆိုးနေခဲ့သည်။

"Alpha pheromone​တွေ!"

စုလင်း နားလည်​ကြောင်း အမ်းဟုသာ ​ပြောလိုက်သည်။  ​ရော​ထွေး​​နေသော Alpha pheromones များမှတစ်ဆင့် မတူညီတဲ့ Alpha​ pheromone ၅မျိုးကို အလွယ်တကူ ခွဲခြားလိုက်နိုင်သလို ထိုအထဲတွင် သူ့နတ်ဘုရားရဲ့ ရနံ့မပါ​ကြောင်းလည်း စုလင်း သိလိုက်သည်။  ရန်ဖြစ်နေကြသော လူအုပ်ကို အပြင်းအထန် စိုက်ကြည့်လိုက်​တော့ ကုလီဟန်ကို တန်း​တွေ့သည်။ ကုလီဟန်ရဲ့မျက်နှာပြင်က ​အေးစက်​နေခဲ့ပြီး လျင်မြန်စွာပဲ ထိုးနှက်​နေခဲ့သည်မှာ ဒဏ်ရာရထားဟန်လည်း မရှိ​ချေ။

"အားရွိ!!"

​ရှောင်းရွိကို တစ်ယောက်က လက်သီးနဲ့ထိုးလိုက်တာကိုတွေ့တော့ လင်းမန်က အော်သည်။

တစ်ချိန်တည်းမှာပင် စုလင်းသည် ပြင်းထန်စွာ ကွဲ​ကြေ၊တိုက်မိသံနဲ့ ပွတ်တိုက်သံကို သူ့နောက်မှ  ကြားလိုက်ရသည်။ စုလင်း ခေါင်းကို လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်း​ကြောင့် မျက်​စေ့သူငယ်အိမ်များ ပြူးကျယ်တုန်ရီသွားသည်။ ထရပ်ကားတစ်စီးက ထိန်းမရဖြစ်နေပုံရပြီး လမ်းဘေးရှိသစ်ပင်များကို အရှိန်ပြင်းပြင်းဖြင့် တိုက်မိကာ သူနှင့် လင်းမန်အနီးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now