Chapter - 61

8.8K 910 112
                                    

//Unicode//

အခန်း - ၆၁ (အဲ့ဒါ သား!)

သား!!?

စုလင်း ထိုစကားကြောင့် အံ့အားသင့်သွားသည်။
က​လေး​တွေ အပြုံလိုက် ပျိုး​ထောင်​နေရသလို ခံစားရတယ်လို့ သူ​ အမြဲပြောမိတာက ထင်​ယောင်ထင်မှားဖြစ်မိရုံတင်ပဲ မဟုတ်ဘူး​ပေါ့။ ​ရှန်းမိုယွီက သူ့ကို အ​ဖေတစ်​ယောက်​လို့ တကယ် မှတ်ယူ​နေခဲ့တာ​လား?

စုလင်း ခဏလောက်တွေးကြည့်လိုက်​တော့ ဖြစ်နိုင်ချေက တော်တော်မြင့်သည်။ ရှန်းမိုယွီသည် တောင်ပေါ်မှ ထွက်ကတည်းက သူ့​နောက်လိုက်ကာ သူနဲ့လည်း အလွန်ရင်းနှီးလှသည်မှာ ကျိုးနွံ့လုနီးပါးပင်။ သို့​ပေမယ့်လည်း ခုက​တော့ မှား​နေသဖြင့် သူအမှန်ပြင်​ပေးရမည်။

"မဟုတ်ဘူး​လေ မင်းက ငါ့သား မဟုတ်ဘူး။ ငါက လူသား​လေ မင်းက..."

သူစကားမဆုံးခင်မှာပင် အစက သူ့ကိုပွတ်သပ်​နေ​သော အမြစ်များက ​နောက်ပြန်​ကွေးသွားပြီး သူ့နဖူးကို လာ ရိုက်သည်။ အမြစ်များက မတ်မတ်ရပ်​ရင်း လှုပ်ယမ်းနေကြသည်မှာ မ​ကျေနပ်မှုများစွာဖြင့်။

"ငါက မင်းရဲ့ ​အ​ဖေကွ!"

စုလင်း ထိုစကား ၄လုံးကို ​ကြောင်ကြည့်ပြီး ကြက်​သေ​သေ​နေမိသည်။ ခဏ အကြာမှ ​အ​တွေးတစ်ခု သူ့စိတ်ထဲ ဖြတ်​ပြေးသွားသည်။

ဪ ရှန်းမိုယွီရဲ့ သဒ္ဒါ​ရေးပုံက သိပ်မမှန်တာ ဖြစ်ရင်ဖြစ်မှာ

ဒါ​ပေမယ့်လည်း ရှန်းမိုယွီရဲ့ အမူအရာကိုကြည့်လိုက်​တော့ သူ​​ပြောချင်တာ အတိအကျက ဒီစာလုံးပဲဖြစ်ပြီး နာမ်စား​​တွေ​တောင်မှ အစီစဥ်တကျ မှန်ကန်စွာ သုံးထား​ကြောင်း နားလည်လိုက်ရသည်။

"မဟုတ်ဘူး​လေ။ မင်း နားလည်မှု လွဲ​နေတာလား? ငါက လူ​။ စိတ်ဝိညာဥ်ပင် မဟုတ်ဘူး​လေ"

"မင်းက သား!!!"

ရှန်းမိုယွီက ငိုယို​နေသည့် အမူအရာတစ်ခု သူ့စိတ်ထဲ ပို့လာသည်။

စုလင်း ငိုရမလား ရယ်ရမလားကို မသိ​တော့​ပေ။ ထို့​နောက် သူ့စိတ်ထဲ ပုံရိပ်တစ်ချို့ တဖြတ်ဖြတ် ​ပြေးသွားသည်။ သူ မသိလိုက်ဘာသာ လည်ပင်းအ​နောက်ကို ထိလိုက်မိပြီး

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now