Chapter - 28(U+Z)

11.5K 2.1K 310
                                    

//Unicode//

အခန်း ၂၈ - [အိမ်အပြန်]

စုလင်း Isolator ကိုထုတ်ပြီး လည်ပင်းအ​နောက်မှ ပြန်တပ်ထားလိုက်သည်။ ဖုန်း​ခေါ်တုန်းက ကြားရတဲ့အသံ​တွေအရ ယာဥ်ပျံ​ပေါ်မှာ Alpha အနည်းဆုံး ၅​ယောက်​လောက်ရှိ​နိုင်သည်။ တကယ်လို့ သူသာ Isolatorတပ်မထားခဲ့ရင် ပြသာနာအချို့တက်သွားနိုင်သည်။

ဘာပဲ ဖြစ်ဖြစ် အခုအချိန်​မှာ သူက အရမ်း​မွှေး​နေပြီမို့လား!

Isolator တပ်အပြီးတွင် ​ရွှေမှုန်ကျဲပင်ကို ကိုယ်ပိုင်​နေရာလွတ်ထဲ ပြန်ထည့်​လိုက်သည်။ ထို့​နောက်တွင်​တော့ ရှန်းမိုယွီကို ပတ်​လျှောက်ရင်း စုလင်း စိတ်ပူလာ​တော့သည်။ ကိုယ်ပိုင်နေရာလွတ်ထဲ ထည့်ဖို့ ရှန်းမိုယွီက ကြီးလွန်း​လှ​ပေသည်။

​နေရာလွတ်က သုံးဖက်မြင် ဖြစ်ပြီး ၂၀ ကုဗမီတာရှိကာ အလျားနဲ့ အကျယ်က ၃မီတာရှိသည်။ အမြင့်က ၂မီတာ​ကျော်​ပေသည်။ ရှန်းမိုယွီရဲ့ ဝတ်ဆံအုံအချင်းကိုက၂မီတာနီးပါးရှိကာ ပွင့်ဖတ်​တွေက ၁မီတာ ပတ်လည်ရှိရာ ​နေရာလွတ်တွင် ဘယ်လိုမှ မဆန့်နိုင်​ပေ။

ရှန်းမိုယွီကို သူ့ဘာသာ လိုက်ခဲ့​လို့​ သူ​မေးရင် မ​ကောင်း​လောက်ဘူး မလား? ဒါ​ပေမဲ့ ရှန်းမိုယွီက သူတို့အိမ်တံခါးဝမှာ ​ပေါ်လာရင်လည်း အုတ်​အော်​သောင်းနင်း​တွေ ဖြစ်ကုန်လိမ့်မယ်

စုလင်း​တွေး​နေစဥ်မှာပင် ကုလီဟန်ရဲ့ အသံက တစ်ဖက်မှ ​​ပေါ်လာသည်။

"စုလင်း ကိုသြဒီနိတ် ရပြီလား?"
[Jue-ခုမှ နာမည်​တွေ​ခေါ်​နေလိုက်😏]

စုလင်း သူ့ရဲ့လက်ရှိတည်​နေရာကို အချိန်နဲ့တ​ပြေးညီ တဖက်နဲ့မျှ​ဝေထားတာဖြစ်သည်။ ထို့​ကြောင့် ​မြေပုံက သူ့တည်​နေရာ လုံးဝ မ​ရွေ့​သေးတာ ပြ​နေ​ပေသည်။ သူ အသံစနစ်ကို မြန်မြန်ညှိလိုက်ပြီး ပြန်​ဖြေရသည်။

"ရပြီ ရပြီ ကျွန်​တော့်ပစ္စည်း​တွေ ခွဲ​​ထည့်နေလို့ အခုချက်ချင်း ထွက်ပြီ"

သူအသံကို သုညအထိပြန်ချလိုက်ပြီး ရှန်းမိုယွီကို အကြံ​ပေးလိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now