Chapter - 53 (U+Z)

11.2K 1.8K 171
                                    

//UNICODE//

အခန်း 53 - လက်ဆောင်

ကုလီဟန် ထမလို့ ဟန်ပြင်​နေသည်ကို ရပ်တန့်လိုက်ပြီး

"ကိုယ် မသွားဘူး​နော်"

စကားဆိုလိုက်ရာတွင် သံလိုက်ဓါတ်လို ဆွဲငင်နိုင်​သော ​အသံက နိမ့်ပြီး တည်ငြိမ်​နေလျက်။

ထို့​နောက် ကုလီဟန် ခါးကိုင်းကာ လက်ဆန့်ထုတ်ပြီး အိပ်ယာဘေး စားပွဲပေါ်မှ ရေဖန်ခွက်ကို ကောက်ယူပြီး

"ရေ​လေး အရင်သောက်လိုက်ဦး"

စုလင်း ဖန်ခွက်ထဲမှ ရေတစ်ဝက်ကို နာခံစွာ သောက်လိုက်ရာ သူ့ခန္ဓာကိုယ်တွင်းရှိ အပူများ အနည်းငယ် ပြေပျောက်သွားသလို ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းတွေ စိုစွတ်နေခဲ့တာ​ကြောင့် နှုတ်ခမ်းသပ်လိုက်ပြီး စုလင်း တိုးညှင်းစွာ ခပ်ဖွဖွ ရယ်လိုက်သည်။

"ကျွန်​တော် ကိုယ့်တုံ့ပြန်မှုကိုကိုယ် မထိန်းနိုင်တော့ဘူး"

ဖန်ခွက်ကိုချလိုက်ပြီး ကုလီဟန်က စုလင်း၏လည်ပင်းနောက်ဘက်ကို သူ့လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ရင်း သူ့အသံက လုံးဝကို အက်ရှ​နေခဲ့သည်။

"ကိုယ်လည်း ထိန်းမရ​တော့ဘူး"

သူတို့ရဲ့Pheromoneနံ့က လေထုထဲမှာ ပိုကြွယ်ဝလာခဲ့သည်။ Pheromone နှစ်ခု ပေါင်းစပ်လိုက်သည်နှင့်အမျှ အပူချိန်က လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး အခန်းတွင်းမှာ ပင့်သက်ရှိုက်သံများကို ကြား​နေရသည်။ စုလင်း၏ အတွေးများသည် နေရာအနှံ့ ပျံ့ကျဲနေခဲ့ပြီး ဘာကိုမှ ကောင်းစွာ မတွေးတောနိုင်တော့ပေ။ ရုတ်တရက် သူ့glandထဲက နာကျင်တဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး စုလင်း မျက်လုံးကို အနည်းငယ်ဖွင့်ကြည့်လိုက်သည်။ ပြင်းထန်ပြီး ရှုပ်ထွေးလှသော ခံစားချက်တစ်ခုက ဒီရေလို သူ့ကို တိုက်စားသွားခဲ့ပြီး သူ့ခန္ဓာကိုယ်က တုန်ရီ​နေရုံမှတစ်ပါး အခြားမရှိ။
......
[ကား​လေးဟာ တိတ်တဆိတ် ဖြတ်သွားခဲ့🥺]

အခန်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ချိန်မှာ​တော့ အချိန်အတော် ကြာသွားခဲ့​ချေပြီ။ စုလင်း သူ့ကိုယ်မှာ အားအင်တွေ အများကြီး မကျန်တော့ပေမယ့် ခံစား​ချက်​ကောင်းမွန်​နေခဲ့သည်။ ဒီလိုပျော်ရွင်မှုမျိုးကို သူတစ်ခါမှ မခံစားဖူးပါ​ပေ။ သူ့ဘေးတွင် လဲလျောင်းနေသော ကုလီဟန်က သူ့ရဲ့ နက်​မှောင်ပျော့ပျောင်းသော ဆံနွယ်များကို ညင်ညင်သာသာ ပွတ်သပ်​ပေးပြီး မိန်း​မောသာယာမှုမှ လွတ်မြောက်စေသည်။ သူ့ရဲ့ သံလိုက်လို ဆွဲငင်နိုင်​သောအသံက ပုံမှန်ထက် အများကြီးနိမ့်နေ​ခဲ့သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now