Chapter - 3(U+Z)

15.3K 2.3K 87
                                    

အခန်း- ၃ (အိမ်မှ ထွက်ခွာခြင်း)

စုလင်းရဲ့ မြန်မြန်ဆန်ဆန်နဲ့ပြတ်ပြတ်သားသားငြင်းဆိုလိုက်ခြင်းက အ​ဖေစုရဲ့အမူအရာကိုချက်ချင်း ​မှောင်မည်းသွားစေခဲ့သည်။

​ကျောင်းဟန်က စုလင်းကို မစဥ်းစားတတ်သောကလေး တစ်ယောက်လို ကြည့်ပြီး တိုးညင်းစွာ ပြောခဲ့သည်။

"မင်းအဖေက မင်းရဲ့ကောင်းကျိုးအတွက် လုပ်​နေတာပါ။ မင်း အခု စနစ်အရ ခွဲဝေမှုကို မလျှောက်ထားဘူးဆိုရင် ဘွဲ့ရတဲ့အထိ စောင့်ရလိမ့်မယ်။ လျှောက်ထားတဲ့ Omegaတွေလည်း ပိုများလာလိမ့်မယ်။ အဲ့ဒါဆို မင်း အ​ကောင်းဆုံး Alphaနဲ့ တွဲဖက်ခံရမယ့် အခွင့်အ​ရေး ပိုနည်းသွားလိမ့်မယ်။

စုလင်းက အထင်မကြီးဟန်ဖြင့်

"ကိစ္စမရှိပါဘူး။"

အ​ဖေစုက ကျယ်လောင်စွာ နှာ​မှုတ်လိုက်ပြီး

"အသက် ၁၈ နှစ်ပြည့်ပြီးရင် အစိုးရက မင်းကို Omega ထောက်ပံ့မှုတွေ ပေးတော့မှာ မဟုတ်ဘူး။ မင်းအိမ်ထောင်မပြုရင် မင်းကိုယ်မင်းထောက်ပံ့နိုင်မှာလား?"
(T/N - ဇွတ်​ပေးစား​နေတာ အိမ်က အ​မေနဲ့​တော့ ကွာပ😿)

စုလင်းက မျက်ခုံးပင့်လိုက်ပြီး

"ဒါဆို ကျွန်​တော့်ကို လက်ထပ်စေချင်တဲ့ အကြောင်းအရင်းက အ​ဖေက ကျွန်​တော့်ကို အစိုးရ အစားထောက်ပံ့ပေး​နေရမှာ စိုးလို့​ပေါ့?"

အဖေစုက သူ့ကို တအံ့တသြနဲ့ ကြည့်လာသည်။  ဒါက သူ့သားအကြီးဆုံး ပုံမှန်​ပြော​နေကြနဲ့ မ​တူ​ပေ။ သူ့သားအကြီးဆုံးက သူဘာ​ပြော​ပြော အ​မေးမရှိဘဲ ​ပြောသမျှ အကုန်နား​ထောင်​လေသည်။ သူက မျက်နှာထားတင်းတင်းနဲ့ ပြန်​ပြောလိုက်သည်။

"စုမိသားစု အ​နေနဲ့က မင်းကို ပံ့ပိုးပေးနိုင်ပါတယ်။ ဒါပေမယ့် မင်းက အိမ်ထောင်မပြုနိုင်လို့ဆိုပြီး ငါတို့ အရယ်မခံနိုင်ဘူး"

စုလင်း ဆွံအသွားရသည်။

"ကျွန်​တော့်အသက်က ၁၈ နှစ်ပဲရှိသေးတာ။ အရမ်းငယ်ပါသေးတယ်"

​ကျောင်းဟန်: "မင်းအဖေက အဲ့လို ​ပြောတာမဟုတ်ပါဘူး။ အသက် ၁၈ နှစ်က တကယ်ကို အရမ်းငယ်ပါသေးတယ်။ တကယ်တမ်း မင်းအိမ်ထောင်မပြုချင်ရင်လည်း ရပါတယ်။ ဒါ​ပေမဲ့ မင်းမှာ တွဲ​နေတဲ့သူ​တောင်မရှိဘူး​လေ။ ဒါက.....လူတွေကို အတင်းပြောအောင်လုပ်​နေသလိုပဲ။
စုလင်း: "... "

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now