Chapter - 59

6.5K 924 89
                                    

//UNICODE//

အခန်း 59 - ဗီလာသို့ပြန်ခြင်း

စိတ်ဝိညာဉ်ပင်အခန်းထဲမှာရပ်နေရင်း စုလင်း ​​မယုံကြည်နိုင်​တဲ့ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

စိတ်ဝိညာဉ်ပင်​တွေက စာဖတ်နည်း သင်နေကြတယ်!!

3 စက္ကန့်ကြာပြီးနောက်​မှာ​တော့ သူတည်ငြိမ်သွားသည်။ ဒါဟာ လူ​တွေပြောစမှတ်ပြု​လေ့ရှိကြသော စိတ်ဝိညာဉ်ပင်များသည်သာပင်။ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်များကို မျှဝေနိုင်ပြီး ရိုးရှင်းသော ရုပ်ပုံများကို ရေးဆွဲနိုင်တာကြောင့် စာဖတ်ရန် သင်ယူနိုင်ကြောင်း သိရခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ ​အဆုံးသတ်မှာ​တော့ Planet Belle ရှိ စိတ်ဝိညာဉ်ပင်များသည် မူလအစကတည်းကပင် ဉာဏ်ရည်ထက်မြက်ပြီး လိမ္မာပါးနပ်သော သက်ရှိတစ်မျိုးဖြစ်သည်။ သို့သော်လည်း  IQ (အသိဥာဏ်) က​တော့ မမြင့်​ပေ— သို့တည်းမဟုတ် လူ​တွေကသာ သူတို့ဟာ ဉာဏ်မမီဟု ထင်မြင်နေသူများ ဖြစ်ကောင်းဖြစ်နိုင်​ပေသည်။

အပင် ၂ ပင် အပြင်းအထန် လေ့လာ​နေကြသည်ကိုမြင်တော့ စုလင်း ကုလီဟန်ကို စောစောက နမူနာအခန်းဆီ ခေါ်သွားပြီး ကုလီဟန်အတွက် သင့်တော်မည့် စိတ်ဝိညာဉ်ပင်ရနံ့ကို ဆက်လက်ရှာဖွေခဲ့သည်။ ဒီရက်ပိုင်း​တွေမှာ သူ့နတ်ဘုရားရဲ့ အိပ်စက်ခြင်းအရည်အ​သွေးက အလွန်​ကောင်းမွန်လာတယ်ဆို​ပေမဲ့ အဓိကအ​ကြောင်းအရင်းက သူတို့အတူ အိပ်ရာတစ်ခုတည်းမှာ အိပ်စက်ခဲ့ကြတာ​ကြောင့်ဖြစ်သည်။ ​နေ့တိုင်း အိပ်ရာမဝင်ခင် ​ချိုမြိန်တဲ့ ညှင်းပန်းမှု​တွေ​ကြောင့်လည်း ပါဝင်သည်။ ဤပုံစံအတိုင်းသာ ဆက်သွားနေပါက တစ်နေ့ကျ သူတို့ 'အပူလွန်ကဲခြင်း' (မိမိကိုယ်ကို ချုပ်တည်းခြင်းမှရလာ​သော) ခံရနိုင်မည် ဖြစ်သည်။ လက်ရှိတွင် သင့်လျော်သောရနံ့မရှိတာ​ကြောင့် နောက်ပိုင်းကျ သူတို့ခွဲအိပ်​ရ​နိုင်သည်။ စုလင်း သူ့နတ်ဘုရားအတွက် သင့်​တော်တဲ့ ရနံ့တစ်ခုအရင်ဖန်တီးဖို့ အ​ရေးကြီးသည်ဟု ခံစားမိလာရသည်။ ဒီအားရက်​တွေအတွင်းမှာလည်း နတ်ဘုရားက ရံဖန်ရံခါ အ​ရေးတကြီးလုပ်ရတဲ့စာရွက်စာတမ်းကိစ္စ​တွေ ရှိလာ​ပေလိမ့်မည်။ ဆိုလိုသည်မှာ သူအလုပ်ပြန်စလုပ်ရတဲ့အခါ အလုပ်ဖိအားက ပိုကြီးမားလာ​ပေလိမ့်မည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now