Chapter - 17 (U+Z)

11.4K 2K 76
                                    

//UNICODE//

အခန်း ၁၇ - အကူအညီ

စုလင်းရဲ့အ​ဖြေတွင် တည်ငြိမ်မှု တစွန်းတစကို မြင်​တွေ့ရနိုင်ပြီး သူက ကုလီဟန်ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး စိတ်ထဲမထားပါရန် နှစ်သိမ့်​နေခဲ့သည်။

ကုလီဟန်ရဲ့ အကြည့်က စုလင်းရဲ့ အနည်းငယ်မျှနီရဲ​နေ​သော မျက်နှာ​လေး​ပေါ် ကျ​ရောက်လာပြီး သူက​မေးလိုက်သည်။

"မင်း သတင်းကို​တွေ့ပြီးပြီလား?"

စုလင်းက ပုခုံးကို တွန့်ပြလျက်

"ကျွန်​တော် သတင်း​တွေမကြည့်ဘူး။ ဒါ​ပေမယ့် ဒါက ကျွန်​တော့်pheromone​တွေအနံ့ဆိုးတာနဲ့ ပတ်သတ်တဲ့ သတင်းပဲ ဖြစ်မှာ။ ကျွန်​​တော့်ရဲ့ပထမစစ်​ဆေးမှုက ကုန်ကြမ်းရိတ်သိမ်းဖို့​လေ။ ကျွန်​တော် တစ်ခါ​လောက်​တော့ကြိုးစားကြည့်ချင်တာနဲ့ Isolatorဖြုတ်လိုက်တာ။"

ထို့​နောက် သူက အနည်းငယ် ရှက်ဝဲဝဲ ဖြင့် ဆက်​ပြောလာသည်။

"အ​ခြေအ​နေက​တော့ ကျွန်​တော် ထိပ်တန်းAအဆင့် စိတ်ဝိညာဥ် ၃ပင်က​နေ ကုန်ကြမ်းထုတ်ဖို့လုပ်တုန်းကနဲ့ အတူတူပဲရယ်။ ပြီး​တော့ အဲ့ဒါက အခန်းထဲက တစ်ခြား​ဖြေဆိုသူ​တွေကိုပါ သက်​ရောက်ကုန်လို့ ကျွန်​တော် စစ်​ဆေးမှုကို လက်​လျော့လိုက်တယ်။"

သူ့အသံက အရမ်းကို တည်ငြိမ်​နေခဲ့ပြီး စိတ်မ​ကောင်းဖြစ်​နေတာမျိုးမရှိသလို သိမ်ငယ်နေတာမျိုးလည်းမရှိ​ပေ။

ကုလီဟန်ရဲ့ မျက်ဝန်းအိမ်များ အနည်းငယ် လှုပ်ရှားသွားရသည်။ ​ကောင်ငယ်​လေးက ထိုင်ခုံကြီးမှာထိုင်​နေပြီး သူ့ကို ​မော့ကြည့်​လာ​တော့ ကုလီဟန်က ​နေ​ရောင်​အောက်မှာရပ်​နေခဲ့တာဖြစ်သည်။ ​ကောင်ငယ်​လေးက ​သေချာ​ပေါက်ကို ထီးအကြီးကြီး​အရိပ်အောက်မှာ ရှိ​နေခဲ့တာဖြစ်​ပေမယ့် ကုလီဟန်အတွက်တော့ သိပ်ကို ​တောက်ပ​နေသလို ခံစားခဲ့ရသည်။ နူးညံ့ညင်သာလှ​သော အသံ​လေးဖြင့် ကုလီဟန်က

"မဟုတ်ပါဘူး။ မင်းက 'Omegaအလှပ​ဂေး' အဖြစ် Vote အ​ပေးခံ​နေရတာ"

"ဘာကြီး?"

စုလင်း ကြက်​သေ​သေသွားရသည်။

ဘယ်​လောက်ရှက်စရာ​ကောင်းလိုက်တဲ့ ​ခေါင်းစဥ်ကြီးလဲ?

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now