Chapter - 18 (U+Z)

11.6K 1.9K 66
                                    

//UNICODE//

အခန်း ၁၈ - အတူတူသွားခြင်း

စုလင်း ​ခဏမျှ ​အေးခဲသွားရပြီး ကုလီဟန် ​"​ကောင်းပြီ" ဟု​ဖြေလာလိမ့်လို့ သူလုံးဝကို မ​မျှော်လင့်မိခဲ့​ချေ။ ကုလီဟန်ရဲ့ ခုနက တုံ့ပြန်မှုက မ​ကောင်းလှတာက စုလင်းကို စိတ်ပူ​စေတဲ့အတွက် ​မေးမိလိုက်ခြင်းသာ ဖြစ်သည်။ သို့​သော်လည်း သူ့နှလုံးသားထဲမှာ​တော့ ကုလီဟန် အခုလို ပြန်​ဖြေလာဖို့ အများကြီး ​မျှော်လင့်ချက် မထားခဲ့​ပေ။ ခဏကြာပြီး​နောက် စုလင်း ခပ်မြန်မြန်ပဲ ပြန်​ဖြေလိုက်သည်။

" ခင်ဗျား ဘယ်လိုအကူအညီမျိုး လိုအပ်တာလဲ? ​ပြောသာ​ပြောလိုက်! ကျွန်​တော် ​သေချာ​ပေါက်ကို အ​စွမ်းကုန်ကြိုးစားပြီး ကူညီ​ပေးမယ်"

ကုလီဟန် ဒီရိုးသားဖြူစင်လှသည့် ​ကောင်ငယ်​လေးကို ကြည့်လိုက်ရင်း သူ့နှလုံးသားတစ်ခုလုံး ​နွေး​ထွေးသွားရသည်။

ဒါက သူငယ်ချင်းတစ်​ယောက်ရှိတဲ့ ခံစားချက်မျိုးလား?

ကုလီဟန် ဧည့်ခန်းထိုင်ခုံဆီကို လက်ဟန်ပြပြီး ​ပြောလိုက်သည်။

"အရင်ထိုင်ကြရ​အောင်"

သူတို့ နှစ်ဦးသား ထိုင်လိုက်ကြပြီး ဒိုမီက သူတို့အတွက် လက်ဖက်ရည် ​ဖျော်​ပေးခဲ့သည်။ သိပ်မကြာခင်မှာပဲ ပူ​နွေး​မွှေးပျံ့​နေတဲ့ ရနံ့က ​လေထုထဲမှာ သင်းပျံ့လာသည်။ စုလင်း လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး ကုလီဟန် စကား​ပြောလာမှာကို ​စောင့်​နေလိုက်သည်။

ကုလီဟန် ​ကွေ့ဝိုက် မ​နေ​တော့ဘဲ လိုရင်းကိုသာ တန်း​ပြောလိုက်​တော့သည်။

"မင်း ရှန်းမိုယွီကို ရှာဖို့ ထိပ်တန်းAအဆင့် စိတ်ဝိညာဥ်ပင်ကို ယူတဲ့အချိန်ကျရင် ကိုယ်လည်း လိုက်လို့ရမလား"

သူက ဖြည့်စွက်​ပြောလာသည်။

"ကိုယ် ရှန်းမိုယွီကို မလိုချင်ဘူး။ အတူပဲ သွားချင်တာ"

စုလင်းရဲ့ မျက်ဝန်း​လေးများ တလက်လက်​တောက်ပလာရသည်။ သူက သူ့ရဲ့နတ်ဘုရားလိုချင်တဲ့ အကူအညီဆိုတာ ဒါမျိုးဖြစ်မယ် မထင်ခဲ့ဘူး။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now