Chapter - 22(U+Z)

11.4K 1.9K 93
                                    

//UNICODE//

အခန်း ၂၂ - [စုံစမ်းစစ်ဆေးခြင်း]

စုလင်းက ကုလီဟန်ကို ကမ်းစပ်မှာ ဖြစ်ပျက်ခဲ့တာတွေ ပြန်ပြောပြခဲ့သည်။ မိကျောင်းသားရဲကသူ့ရဲ့ခန္ဓာကိုယ်ကို ကိုးရို့ကားယားနဲ့​ကွေ့ပြီး မနက်ဖြန် မရှိ​တော့သလို အသက်ကို ဖက်နဲ့ထုတ်ပြီး တစ်ချိုးတည်းထွက်​ပြေးသွားတဲ့ မြင်ကွင်းကို ပြန်စဥ်းစားမိလိုက်​တော့ စုလင်းရင်ထဲမှာ အနည်းငယ် စိတ်ရှုပ်ထွေးသလို ခံစားခဲ့ရသည်။ အဲ့ဒီအခိုက်အတန့်တုန်းက စုလင်းအ​နေနဲ့ စိတ်အသိဥာဏ်လုံးဝကိုကင်းမဲ့သွားသည်အထိ ​ကြောက်ရွံ​နေခဲ့မိ​သော်လည်း တစ်ဖက်က သူ့ထက်​တောင် ပို​ကြောက်ရွံ့​နေမယ်လို့​တော့ မ​မျှော်လင့်မိခဲ့​ချေ။ ဤဖြစ်ရပ်မှာ အ​တော်ပင် မသက်မသာနှင့်ရယ်စရာ​ကောင်း​နေပြန်သည်။

ကုလီဟန်က စုလင်း ပြန်​ပြောပြတာကို နား​ထောင်ပြီးသည့်​နောက် သူ့အကြည့်​တွေက စုလင်းရဲ့လည်ပင်းအ​နောက်ဆီ ​ခပ်မြန်မြန် ဝေ့ဝဲသွားခဲ့ပြီး

"မင်း​ခုနက ပြောတာ မှန်​ရင်လည်း မှန်လောက်တယ်"

စုလင်း မိမိရဲ့လည်ပင်းအ​နောက်ကို လက်နဲ့ထိလိုက်​မိပြီး ​လေထုထဲမှာ မနှစ်မြို့စရာအနံ့ရှိ​နေ​သေးတာကို သတိထားမိလိုက်သည်။ စုလင်း လက်ဖြင့် နှာ​ခေါင်းကို ဖိအုပ်လိုက်ပြီး

"ခင်ဗျားက သားရဲ​တွေထက်​တောင် တည်ငြိမ်​နေ​သေးတယ်"

ထို့​နောက် စုလင်းက ပြုံးလိုက်ကာ

"သွားပြီး Maskဖြစ်ဖြစ် တပ်ထားပါ။ ကျွန်​​တော့်ကို အားနာပြီး ​အောင့်မထားနဲ့။ ကျွန်​တော် စိတ်ထဲ မထားပါဘူးဗျာ။ ကျွန်​တော်ကိုယ်တိုင်​တောင် မခံနိုင်တာတဲ့ဟာကို"

ကုလီဟန်:"မလိုပါဘူး"

သူက ခပ်လှမ်းလှမ်းက သစ်ပင်တစ်ပင်ကို လက်ညိုးထိုးပြလိုက်ပြီး

"ကိုယ် အဲ့ဒီသစ်ပင်အ​နောက်က ​ရပ်စောင့်​နေမယ်။ တစ်ခုခုဆို ကိုယ့်ကို လှမ်း​ခေါ်လိုက်"

စုလင်း:" ခင်ဗျားပြန်သွားပြီး ခင်ဗျားရဲ့ Isolatorကို ခဏဖြစ်ဖြစ် ဖယ်ထားသင့်တယ်"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now