Chapter - 54 (U+Z)

11.1K 1.7K 123
                                    

//Unicode//

အခန်း 54 - လုံ​မော့ထန်

စုလင်း သစ်ရွက်​ကို ငုံ့ကြည့်လိုက်သည်။ သစ်ရွက်က ထိလိုက်လျှင် ချောမွေ့နေမည့်ပုံပြီး အရောင်သည် စိမ်းမြနေကာ မွှေးရနံ့​ဖျော့​ဖျော့ သင်းပျံ့နေသည်။ အဲ့ဒါက အမြစ်ကို အပြင်းအထန် ရိုက်နှက်​ခဲ့သော နွယ်ပင်နှင့် တူညီသော ရနံ့ရှိသည်။  သို့သော် မကြာမီပင် ထိုရနံ့က ရှန်းမိုယွီနှင့် တူညီသော ခံစားချက်ကို ပေးစွမ်းနိုင်သည်ဟု သူခံစားလိုက်ရပြန်သည်။ ဒါပေမယ့် ရနံ့နှစ်ခုလုံးက အနံ့ချင်း လုံးဝမတူဘူးဆိုတာ သူကောင်းကောင်းသိ​နေသည်။

တိုက်ပွဲက အမြစ်များရဲ့ ​တောင်းပန်ခြင်းနဲ့ ပြီးသွားခဲ့သည်။ ထို့​နောက် အမြစ်များနှင့် နွယ်ပင်များသည် စုလင်းရှေ့ထိ ဆန့်တန်းလာကြပြီး အမြစ်များက ​ယိမ်းပင် ယိမ်းနွဲ့နေလိုက်​သေးသည်။ သူတို့ရဲ့ လုပ်ရပ်​တွေက စုလင်းကို ဇ​ဝေဇဝါ ဖြစ်​စေသည်။ ထို့​နောက် ရှန်းမိုယွီက စုလင်းကို မြင်ကွင်းတစ်ခု မျှ​ဝေလာခဲ့သည်။ အသက်ကြီး​သော လူသားများက အငယ်များကို လက်​ဆောင်ပေး​နေ​သော မြင်ကွင်းပင်။ လက်ထဲမှ သစ်ရွက် အကြီးကြီးကို စုလင်း ငုံ့ကြည့်လိုက်ရင်း သူဆိုလိုချင်တာကို ချက်ချင်းနားလည်သွားခဲ့ရသည်။ ဒါဟာ နွယ်ပင်​​လေးရဲ့ လက်​ဆောင်ပင်! သူ နွယ်ပင်​လေးကို ကြည့်ကာ ဆိုလိုက်သည်။

"​ကျေးဇူးပါ​နော်"

စိတ်ဝိညာဉ်ပင်တွေက သူ့ကိုထိရတာကြိုက်​ကြောင်း တွေးမိလိုက်တော့ စုလင်း သူ့လက်ကို ဆန့်တန်းပြီး သူ့ရဲ့ကျေးဇူးတင်​ကြောင်း ပြသဖို့ နွယ်ပင်ထိပ်ဖျား​လေးကို ညင်သာစွာ ညှစ်လိုက်သည်။ နွယ်ပင်သည် သဘာဝကျစွာပင် သူ့လက်ချောင်းများကို ရစ်ပတ်လာသည်။ တစ်ဖက်တွင်မူ အမြစ်များက ပျော်ရွှင်စွာ တွန့်လိမ်ကာ

"ဟားဟား ငါ့သားက အရမ်းချစ်စရာကောင်းတယ် မဟုတ်လား"

နွယ်ပင်သည် စုလင်းရဲ့လက်ချောင်းကို လွှတ်လိုက်ပြီး

"မင်းရဲ့ မိုက်မဲတဲ့ အပြုအမူကို ရပ်လိုက်စမ်း။ သူရဲ့ ချစ်စရာကောင်းမှုက မင်းနဲ့ မဆိုင်ဘူး"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now