Chapter - 16 (U+Z)

11.7K 1.9K 39
                                    

//UNICODE//

အခန်း ၁၆ - သတင်း

ကြီးကြပ်သူရဲ့အကြည့်က တည်ငြိမ်​လှသည့် စုလင်းဆီမှ ဆူညံ​နေ​သော ​ဖြေဆိုသူများဆီ ​ရောက်သွားပြီး

"ငြိမ်ကြစမ်း"

ချက်ချင်းဆိုသလို ​ဖြေဆိုသူများသည် ထပ်မံစကားမဆိုရဲကြ​တော့သလို ​စာ​မေးပွဲခန်း အကျယ်ကြီးတစ်ခုလုံး ငြိမ်ကြသွားသည်။

ကြီးကြပ်သူက ​ပြောလာသည်။

"ပြီးခဲ့တဲ့စစ်​ဆေးမှုက ကုန်ကြမ်းရိတ်သိမ်းသူတစ်​ယောက်ဖြစ်လာဖို့အတွက် မရှိမဖြစ် အရည်အချင်းဖြစ်တဲ့ ရိတ်သိမ်းနိုင်စွမ်းကို စစ်​ဆေးတာဖြစ်တယ်။ အခု ဆရာတို့က စိတ်ဝိညာဥ်ပင်ပျိုး​ထောင်သူတစ်​ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ဖြစ်တဲ့ မင်းတို့ရဲ့ ရင်းနှီးနိုင်စွမ်းကို စစ်​ဆေးမှာဖြစ်တယ်။ ​​ပြောပြီးသည်နှင့် ကြီးကြပ်သူက စာ​မေးပွဲရဲ့စည်းမျဥ်း၊စည်းကမ်းများကို စတင် ​ကြေညာလိုက်သည်။

"စာ​မေးပွဲ စတင်ပြီ"

ထိုစကားသံထွက်လာသည့် အခိုက်အတန့်တွင် မည်သူမျှ ထပ်စကားမ​ပြောရဲကြ​ပေ။ စုလင်းမှတစ်ပါး ​ဖြေဆိုသူအားလုံးဟာ သူတို့ရဲ့Isolator​တွေကို ဖယ်လိုက်ကြပြီး စစ်​ဆေးခန်းတစ်ခုလုံး အမျိုးမျိုး​သော Pheromoneနံ့များဖြင့် ပြည့်နှက်သွား​တော့သည်။ စုလင်းရဲ့​ရှေ့မှာ​တော့ Camelliaပင်​လေးပဲ ဖြစ်သည်။ သူ့ရဲ့ အနီ​​​စွေး​စွေး ပန်းပွင့်​လေးများဟာ တစ်ပွင့်ချင်းစီကကို အလွန်လှပလျက်ရှိကြပြီး ပွင့်ချပ်လွှာတို့ကလည်း တစ်ခု​ပေါ်တစ်ခု အထပ်ထပ်​ရောယှက်​နေကြသည်မှာ တင့်တယ်လှ​ပေသည်။စုလင်း သူနဲ့အနီးဆုံးပန်းပွင်​လေးဆီ လက်လှမ်းပြီး ဖွဖွ​လေး ထိလိုက်သည်နှင့် ပန်းပွင်​လေးက ယိမ်းနွဲ့လာသည်။ ပန်းပွင့်လည်းရဲ့ ရိုးတံ​လေးက စုလင်းဆီ မှီလာပြီး မကြာခင်မှာပဲ ပန်းပွင့်တစ်ခုလုံးက သူ့လက်ဖဝါးကို ပွတ်သပ်တိုး​ဝှေ့​နေ​တော့သည်။ ပန်းပွင့်​လေး​တွေပွင့်သပ်​နေကြသည့် လက်ဖဝါးမှတစ်ဆင့် နူးညံ့​သောယားယံသည့်ခံစားချက်ကို ခံစားလိုက်ရသည်။ စုလင်းရဲ့မျက်ဝန်း​လေးမှာ စိတ်အားထက်သန်မှုနှင့်အတူ ​တောက်ပလာခဲ့ပြီး နှုတ်​ခမ်းထောင့်စွန်း​လေး​တွေ ​ကော့ညွှတ်​သွား​အောင် မပြုံးဘဲ မ​နေနိုင်​တော့​ချေ။ စုလင်း နည်းနည်း​လေး ကိုင်းညွှတ်လိုက်ပြီး ပန်းပွင့်​လေးရဲ့ ပွင့်ချပ်လွှာ​လေး​တွေကို လက်​ချောင်း​လေးနဲ့ ပွတ်သပ်​ပေး​နေရင်း အသာ​လေး နမ်းရှိုက်လိုက်သည်။ သူ့လက်​ချောင်း​လေး​တွေက ပန်းပွင့်​လေးအနားတဝိုက် ပွတ်သပ်ပတ်ဝဲ​နေခဲ့ပြီး​နောက် ​အောက်ကို နိမ့်သွားပြီး သစ်ရွက်​လေးကို ညင်သာစွာ ဖိညှစ်လိုက်သည်။ ပန်းရနံ့က ပို၍ပင် ထင်ရှားစွာ ​မွှေးပျံ့လာ​တော့သည်။ Camelliaပင်​လေးရဲ့ တစ်ခြားအကိုင်းအခက်​​လေးတွေကလည်း စုလင်းရဲ့လက်နား တိုး​ဝှေ့လာခဲ့ပြီး ထိပ်ဆုံးက ပန်းပွင့်များက အစွမ်းကုန် ပွင့်အာလာကြသည်။ စုလင်းရဲ့လက်​ချောင်း​လေး​တွေက ပန်းပွင့်​လေး​တွေကို တစ်ပွင့်ပြီးတစ်ပွင့် ထိ​နေခဲ့ပြီး ပန်းပွင့်​လေး​တွေကလည်း နူးညံ့စွာ ပြန်လည် ပွတ်သပ်​နေကြသည်။
[​T/N-ရေးရင်း Camellia ပင် မြူစွယ်​နေလိုပဲ ထင််မိ အဟိ]

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now