Chapter-20 (U+Z)

12.6K 1.9K 124
                                    

//UNICODE//

အခန်း ၂၀ - [ပြင်ဆင်ခြင်း]

စုလင်း မနက်စာစာ​ရင်း သတင်းကြည့်​​နေခဲ့သည်။

"အဲ့ဒီ စုနံ​ဟောင်က တကယ်ကို ထိပ်တန်း​ကျောင်းသားပဲဟ။ သူက ​ရေး​ဖြေ မှာ ပထမ​နေရာ ရတာ"

"အစွမ်းကြီးချက်! အမှတ်​ပေးတာ မှားတာ မဖြစ်နိုင်ဘူးလား? သူ အင်တာဗျူးတစ်ခုလည်း လက်လွှတ်ခဲ့​သေးတယ် မဟုတ်လား? ဘယ်လိုလုပ် 65မှတ်ရမှာလဲ?"

"ကျန်တဲ့ဧရိယာ၂ခုလုံး အမှတ်ပြည့်ရတဲ့အပြင် ထပ်တိုး​မေးခွန်း​တွေလည်းအကုန် အမှတ်ပြည့်ရတာ​လေ။ အံသြဖို့​ကောင်းချက်ပဲ!"

"သူ့ကို တက္ကသိုလ်ဝင်ခွင့် ရမှာမဟုတ်ဘူးလို့ ​ပြောခဲ့တဲ့​ကောင် အရိုက်ခံဖို့ အခုထွက်ခဲ့စမ်း"

စုလင်း နွားနို့​လေးကို တစ်ငုံ စုပ်​သောက်လိုက်ပြီး ​မျက်နှာပြင်ကို​ရွေ့​နေရင်း မှတ်ချက်တစ်ခုကို မြင်လို့​တော့ ရပ်လိုက်သည်။

"သူ့ရဲ့pheromone ​တွေက ပုံမှန်မဟုတ်တဲ့အ​ကြောင်း​ကြောင့် အခုလို့ မနှစ်မြိုစရာဖြစ်​နေရတာ။ ဒါက သူ့ရဲ့ နဂိုpheromoneရနံ့ မဟုတ်ဘူး။ လူတစ်​ယောက်ကို သူနာကျင်ခံစား​နေရတဲ့အ​ပေါ်မှာဖိနင်းပြီး နာမည်​ပြောင်​ပေးတာက ဆိုးဝါးတဲ့ အပြုအမူပဲ။ မင်းရဲ့ ကိုယ်ကျင့်တရားက​တော့ စိုးရိမ်စရာပဲ"

ထို​ ရွှေ​ရောင်IDနှင့် ထိုမှတ်ချက်သည် အပြာ​ရောင်IDများအကြား သိသိသာသာ ထင်ရှား​​နေခဲ့သည်။ စုလင်း ​ရွှေ​ရောင်ကို အရင်သတိထားလိုက်မိပြီး​နောက်မှာ ​ဒေါက်တာ နီအန်း ဟူသည့်နာမည်ကို မြင်လိုက်သည်။ ​ဒေါက်တာ နီအန်းက ခုလို ထွက်လာပြီးသူ့ကိုကူ​ပြော​ပေးမယ်လို့ မထင်ခဲ့မိတာ​ကြောင့် စုလင်း အနည်းငယ် အံ့အားသင့်ခဲ့ရသည်။ ​အင်တာနက်သုံးစွဲသူ​တွေရဲ့ အံ့အားသင့်မှုကလည်း စုလင်းထက်​တော့မ​လျော့​ပေ။

"ဝိုး! အတည်ပြုထားတဲ့ အ​ကောင့် ဒါတကယ်ကြီး ​ဒေါက်တာနီအန်းဟ"

"​ဒေါက်တာနီအန်းရဲ့ စကား​တွေက လုံးဝမှန်တယ်"

"စုလင်းက အရမ်းသနားစရာ​ကောင်းတာပဲ။ မူမမှန်pheromone ​တွေရှိ​နေတာကိုက သနားစရာ​ကောင်းလှပြီကို သူက ဟာသ​တောင် အလုပ်ခံ​နေရရှာ​သေးတယ်"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now