Chapter - 44.2 (U+Z)

11.2K 2.1K 110
                                    

//UNICODE//

အခန်း 44.2 - အက

စု​အောင်းရဲ့ အမူအရာပြောင်းသွားပြီး

"အဓိပ္ပါယ်မရှိတာ​တွေ မပြောနဲ့ ငါ....."

ထိုအချိန်တွင် မျက်မှောင်ကြုတ်​နေသော အ​ဖေစုနဲ့ ​ကျောင်းဟန် ရောက်လာသည်။ ​ကျောင်းဟန်က စု​အောင်းရဲ့ ပုခုံးကို ပုတ်ပြီး စုလင်းကို တိုးတိုးလေးပြောသည်။

"​ရှောင်လင်း၊ မင်း အဓိပ္ပါယ်မရှိတာ​တွေ ​လျှောက်​ပြောလို့မရဘူး​လေ။ အ​မေတို့က မင်းအတွက် ဆရာတစ်ယောက် ​ခေါ်​ပေးတယ်။ မင်းကမှ မလေ့လာချင်တာ အ​မေ ဘာလုပ်ရမလဲ?"

စုလင်း: "တကယ်လား? ဘယ်က ဆရာလဲ"

ထိုငြင်းဆန်မှုကြောင့် ​ကျောင်းဟန် စကား​တွေ နင်သွားပြီး အ​ဖေစု အသံတိုးတိုးဖြင့် ဆူ​ငေါက်လာသည်။

"လူ​တွေကို အရူးမလုပ်ပါနဲ့​တော့။ မင်း စုမိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားရင်တောင် မင်းရဲ့မျိုးရိုးနာမည်က စု ဖြစ်​နေ​သေးတုန်းပဲ မင်းဆက်ပြီး စုမိသားစုကို အပုတ်ချ​နေမယ်ဆို မင်းအတွက် ကောင်းမှာ မဟုတ်ဘူး"

စုလင်း အနည်းငယ် မော့ကြည့်လိုက်ပြီး မျက်လုံး​တွေကလည်း ထူးမခြားနားပင်။

"အပုတ်ချတာ? ခင်ဗျားရဲ့ အဖိုးတန်သားလေးက ကျွန်​တော့်ကို ထပ်ခါထပ်ခါ ဒုက္ခပေးနေလို့ မဟုတ်ရင် တခြားသူတွေကို ပြောဖို့နေနေသာသာ ခင်ဗျားတို့မိသားစုနဲ့ စကားတစ်ခွန်းတောင် မပြောချင်ဘူး။ ကျွန်​​တော် ပြောခဲ့တာမှန်လား ခင်ဗျားစိတ်ထဲမှာ အသိဆုံးပဲ"

ဒါက ဤမူလကိုယ်ခန္ဓာပိုင်ရှင် ထိလွယ်ရှလွယ်ဖြစ်ပြီး ရှက်ရွံ့​နေတတ်သော အကြောင်းရင်းဖြစ်သည်။ သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ရဲ့ အချက်​တွေအပြင် သူကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင်သည်။

စုလင်း ၂ စက္ကန့်ကြာ စိုက်ကြည့်ရင်း အဖေစုက စု​အောင်းဘက်လှည့်ပြီး

"သူ့ကို တောင်းပန်လိုက်"

"အဖေ!"

စု​အောင်းက သူ့ကို ထိတ်လန့်စွာ ကြည့်ပြီး ​ကျောင်းဟန်က မယုံနိုင်စွာ ကြည့်လာသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now