Chapter - 15 (U+Z)

12.1K 1.9K 124
                                    

//UNICODE//

အခန်း ၁၅ - အင်တာဗျူး

စာမေးပွဲက ၃ ရက်ကြာ​​အောင်​ဖြေရမှာ ဖြစ်သည်။ အင်တာဗျူးက ၁၂ ရက်​နေ့မှာစပြီး ​ရေး​ဖြေက ၁၄ရက်နဲ့ ၁၅ရက်​နေ့ဖြစ်သည်။

၁၁ရက်​နေ့တွင် ​ကျောင်းဆင်း​သောအခါ စုလင်း ​​မွှေးရနံ့ဘားကိုသွားခဲ့သည်။ သူက အပင်သို​လှောင်ခန်းကို သွားပြီး ​နောက်​နေ့ စာ​မေးပွဲအတွက် ပြင်ဆင်ရန် စိတ်ဝိညာဥ်ပင်များကို ​​လေ့လာ​နေခဲ့သည်။ သူ သို​လှောင်ခန်းက ပြန်ထွက်လာသည်နှင့် နာလူးက သူ​ဘေးနားမှာလိုက်ပြီး ​ပြောသည်။

"အင်တာဗျူးရလဒ်က​လေ စံမမီရင်လည်း ကိစ္စမရှိဘူး သိလား။ ​ရေး​ဖြေ​ရောက်ရင် မင်းက​သေချာ​ပေါက် အမှတ်အများဆုံးရမှာ။ တကယ်လို့ကွာ မလုပ်နိုင်​ရင်​တောင် ​နောက်နှစ်ဆို လုပ်နိုင်သွားမှာ"

စုလင်း မရယ်ဘဲ မ​နေနိုင်​တော့​ချေ။

"ကျွန်​တော် သိပါတယ် လေး​လေးနာလူးရဲ့။ အဲ့စကား​တွေက အရင် ​လေး​လေးကို ကျွန်​တော်​ပြောခဲ့တာ​လေ။"

နာလူးက သူ့ကိုကြည့်လိုက်ပြီး ပူပန်စွာဖြင့်

"ငါက မင်းရလဒ်ကို လက်မခံနိုင်မှာ စိုး​နေတာ"

စုလင်း လက်​ကောက်ဝတ်ကို အသာပွတ်လိုက်​တော့ ဒဏ်ရာက ပြန်​ကောင်း​နေပြီဖြစ်​သော်လည်း အမာရွတ်ကျန်​နေ​သေးတာကို မြင်လိုက်ရသည်။

"ကျွန်​တော် အဲ့လို မဖြစ်ပါဘူး"

စုလင်း ရယ်လိုက်​တော့ သူ့အပြုံးက ​တောက်ပ​နေလျက်။

နာလူး သူ့ကို ခဏမျှ စိုက်ကြည့်​နေခဲ့ပြီး​​ နောက်ဆုံး​တော့ စိတ်သက်သာရာရသွားသည်။

"စာ​မေးပွဲပြီးတာနဲ့ ညစာလိုက်​ကျွေးမယ်"

စုလင်း မဆိုင်းမတွပင် လက်ခံလိုက်သည်။

"​ကောင်းပြီ​လေ"

စုလင်း Villaကို ပြန်​ရောက်​ချိန်တွင် ဒီရက်ပိုင်းအတွင်း အလုပ်များ​နေခဲ့​သော ကုလီဟန်ကို ဧည့်ခန်းဆိုဖာမှာ ထိုင်​နေတာကို ​တွေ့လိုက်ရသည်။ သူချက်ချင်း ​ပြေးသွားလိုက်ပြီး ​မေးလိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now