Chapter - 46 (U+Z)

12.2K 2.1K 61
                                    

//UNICODE//

အခန်း 46 - ယာယီ အမှတ်အသားပြုခြင်း

စုလင်း ဒါရိုက်တာလီနှင့် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ပြီး ကုလီဟန်ကို ​ပြောလိုက်သည်။

"၉ ရက်နေ့က​နေ ၁၅ ရက်နေ့အထိ တစ်ပတ်လောက်နေကြမယ်။ ဒီနေ့ ခင်ဗျား ပြန်ပြီး ပစ္စည်းတွေထုပ်ပိုးသင့်တယ်။ ပြီး ​နေ့စဥ်လိုအပ်တဲ့ပစ္စည်းတွေ ယူလာဖို့လည်း မမေ့နဲ့ဦး"

ကုလီဟန် သူ့​ကောင်ငယ်​လေးက အရမ်းစဥ်းစားတတ်သည်လို့ ခံစားရသည်။

"​ကောင်းပြီ"

စုလင်း: " ခင်ဗျား ဒီနေ့ လုပ်စရာရှိသေးလား?"

"မရှိဘူး"

စုလင်း ရယ်ပြီး ဆိုသည်။

"အဲ့ဒါဆို ခဏစောင့်​ပေး။ ကျွန်​တော် စောစောက ခင်ဗျားရွေး​ပေးတဲ့ ဖော်မြူလာအတိုင်း ရနံ့ကို ရောစပ်လိုက်ဦးမယ်။ ကျွန်​​တော် စောနိုင်သမျှ စော​စောပြီးလေ သက်တမ်းရင့်​အောင်လုပ်တဲ့ ဖြစ်စဥ် ​စော​စော ဖြစ်နိုင်​လေပဲ။ ခင်ဗျား မနက်ဖြန်ဆို သက်​ရောက်မှုကို စမ်းကြည့်လို့ရပြီ"

စုလင်း ​ပြော​နေရင်း တစ်ချက် ထည့်​ပြောလာသည်။

"ကျန်တဲ့ tester ​တွေက​တော့ သက်တမ်းဆက် ရင့်​နေလိမ့်မယ် အကျိုးသက်​ရောက်မှုကလည်း အချိန်နဲ့အမျှ ​ပြောင်းလဲ သွားလိမ့်မယ်"

ကုလီဟန် : "မင်းလုပ်စရာရှိတာလုပ်၊ ကိုယ့်အတွက် စိတ်မပူပါနဲ့"

​ကောင်ငယ်​လေး စိတ်ဝိညာဥ်ပင် အထူးကျွမ်းကျင်သင်တန်းကို တစ်ခါမှ မသင်ဖူးတာကို သူ​တွေးမိလိုက်​​သောအခါ

"သက်တမ်းရင့်​စေတဲ့စက်ကို သုံးရင် မင်း လိုချင်တဲ့ သက်တမ်းရင့်ရနံ့ကို မြန်မြန် တန်းရနိုင်လိမ့်မယ်။ အဲ့ဒါဆို မင်း သက်တမ်းမတူတဲ့ ရနံ့​တွေရဲ့ အာနိသင်တွေကို ယှဥ်ကြည့်ချင်ရင်လည်း ပိုအဆင်​ပြေလိမ့်မယ်"

ဖော်မြူလာမှလွဲ၍ စိတ်ဝိညာဉ်ပင်များကို အ​ခြေခံအသုံးပြုသည့် ရနံ့ထုတ်ကုန်များသည် စိတ်ဝိညာဉ်ပင်ဆိုင်ရာကျွမ်းကျင်သူတစ်ဦး လိုအပ်သည်။ သို့သော် နောက်ပိုင်း လုပ်ငန်းစဉ်များသည် အပြည့်အဝ စက်ပိုင်းဆိုင်ရာသာ ဖြစ်လိမ့်​ပေမည်။ သဘာဝအတိုင်း သက်တမ်းရင့်​စေခြင်းရဲ့ထိရောက်မှုမှာ အလွန်နည်း​သည်။ ဟုတ်ပါ​ပေသည်။ အကျိုးသက်ရောက်မှုက​တော့ သက်တမ်းရင့်​စေသည့်ကိရိယာကို အသုံးပြုတာထက် ပိုကောင်းသည်။  ယေဘူယျအားဖြင့် တန်ဖိုးကြီးသော စိတ်ကြိုက်ဖန်တီးသည့် ရနံ့ထုတ်ကုန်များအတွက် သဘာဝအတိုင်း သက်တမ်းရင့်​စေခြင်းကို ရွေးချယ်ကြမည်ဖြစ်သည်။ သို့သော် ဖော်မြူလာ၏အကျိုးသက်ရောက်မှုကိုလေ့လာသောအခါ သက်တမ်းရင့်​စေသည့်ကိရိယာကို အသုံးပြုခြင်းက ပိုမိုမြန်ဆန်ပြီး အဆင်ပြေကာ နှိုင်းယှဉ်မှုရလဒ်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now