Chapter - 30(U+Z)

12K 2.1K 94
                                    

//UNICODE//

အခန်း ၃၀ - [နှစ်သိမ့်ခြင်း]

စုလင်း ကိုယ်ပိုင်​နေရာလွတ်ထဲမှ အပင်များအားလုံးကို ထုတ်ယူလိုက်ပြီး ​နေရာလွတ်အတွင်းမှ ပစ္စည်းများနှင့် အသုံး​အ​ဆောင်များကို စနစ်တကျ ခွဲလိုက်သည်။ Aအဆင့် စိတ်ဝိညာဥ်ပင်၃ပင်ဟာ တဆတ်ဆတ်တုန်ရီ​နေခဲ့ပြီး သူတို့ရဲ့အကိုင်းများကို စုလင်းဆီ ​​ကွေးညွှတ်ထားကာ အရွက်များနှင့်ပန်းပွင့်များကိုလည်း စုလင်းရဲ့ကိုယ်​ပေါ်မှာ ကပ်ထား​ပေသည်။ စုလင်းက ထိုလုပ်ရပ်​တွေအ​ပေါ် ဘာမှ မထူးခြားသလိုပဲ​ နေ​နေသည်ကို နာလူးမြင်​သော် အသံတိုးတိုးဖြင့် သတိ​ပေးလာသည်။

"​နောင်ကို အပြင်မှာ Isolator မဖြုတ်မိ​စေဖို့ သတိရ​နော် အထူးသဖြင့် Alpha​တွေ​ရှေ့ပဲ။ မင်းက သူတို့အတွက် သား​ကောင်ဖြစ်သွားလိမ့်မယ်"

သား​ကောင်?

စုလင်း နှုတ်ခမ်းစွန်းတို့ တွန့်ကွေးသွားခဲ့ပြီး နာလူးကို စိတ်မပူ​​စေချင်တာ​ကြောင့် သူက ​ခေါင်းညိတ်ကာ

"စိတ်မပူပါနဲ့။ ကျွန်​တော် Isolator ကို မဖြုတ်ပါဘူး"

Alpha,omegaများကြားတွင် Pheromone သက်​ရောက်မှုခံရသူသည် မိမိကိုယ်ကို ထိန်းချုပ်မှုမဲ့သွားခြင်း အပြင် အခြားဖြစ်ရပ်များပါ ဖြစ်​စေနိုင်သည့်အတွက် Alpha နဲ့Omega ကြားရှိ အပြန်အလှန်လွှမ်းမိုးမှုကို ​ရှောင်ကြဥ်ဖို့ Pheromone အနံ့ကို တားဆီး​ပေးခြင်းဟာ Isolator တစ်ခုရဲ့ လုပ်​​ဆောင်ချက် ဖြစ်သည်။ Isolator မတပ်ထားခြင်းသည် ရိုးရှင်းစွာပင် ထိုအရာအတွက် လူသိရှင်ကြား​ တောင်းဆို​နေခြင်းဖြစ်သည်။

နာလူး စိတ်သက်သာရာရသွားဟန်ဖြင့်

"​ကောင်းတယ်"

စုလင်း နာလူးကိုတစ်ချက် လှမ်းကြည့်လိုက်ပြီး​နောက် သူ့လက်​ကောက်ဝတ်ကိုလာ၍တင်းတင်းရစ်ပတ်​နေ​သော ပုလဲသွယ်ပင်ပျိုရဲ့အရွက်ကို ဖျစ်ညှစ်လိုက်သည်။

"ငါ့လက်​ကောက်ဝတ်ကို မပတ်ထားနဲ့​လေ ငါအလုပ်လုပ်မရဘူး"

သို့ရာတွင် ပုလဲသွယ်ပင်ပျိုမှာမူ ရှန်းမိုယွီနှင့်ကွဲပြားလွန်းလှ​ပေသည်။ စုလင်း ​ပြော​နေ​သောစကားများကို နားလည်နိုင်စွမ်းမရှိပါ​ချေ။ ထို့​ကြောင့် စုလင်းက အရွက်​တွေကို ပွတ်လိုက်ချိန်တွင် သူက စုလင်းစကားနှင့်ဆန့်ကျင်ပို၍ပင် တင်းတင်း ပတ်လာ​ပေသည်။ စုလင်း ခဏမျှ စဥ်းစားကြည့်​နေခဲ့သည်။ သူက အရွက်ရဲ့ထိပ်ဖျား​လေးကို ကိုင်ကာ သူ့လက်​ကောက်ဝတ်ကို အပ်ချည်လုံး​လေးလို လိပ်​ခွေ​နေသည့် အရွက်​နွယ်တွေကို ​ဖြည်လိုက်သည်။ ထိုသို့ဖြည်ပြီးသည်နှင့် အရွက်ကိုယူကာ ပန်းပွင့်​တွေနား ထား​ပေးလိုက်သည်။ အရွက်​တွေက လှုပ်ယမ်း​နေခဲ့ပြီး စုလင်း လွှတ်လိုက်သည်နှင့် ချက်ချင်းပဲ သူ့လက်​မောင်းကိုဆွဲလာခဲ့​သော်လည်း သူ့လက်​တွေကို​ ချည်​နှောင်ဖို့တော့ မကြိုးစား​တော့​ပေ။ စုလင်း ပြုံးလိုက်မိသည်မှာ ထိုအပင်များသည် သူ့စကား​တွေကို နားမလည်နိုင်​သော်လည်း သူ့အမူအရာကို နားလည်နိုင်​​နေ​သောကြောင့် ဖြစ်သည်။ အရွက်တွေ သူ့ကိုယ်​ပေါ်ကို ကပ်တွယ်​နေခြင်းကို ခွင့်ပြုထားလိုက်ပြီး စုလင်း ​​နေရာလွတ်ထဲမှ အာဟာရ​ပျော်ရည်ကို ယူလိုက်ပြီး ဆေးများနှင့် အ​ထောက်အကူပစ္စည်းများကို ပြန်စီနေလိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now