Chapter - 48(U+Z)

11.6K 1.9K 150
                                    

//UNICODE//

အခန်း ၄၈ - အသင်းအဆောက်အအုံတွင် တည်းခိုခြင်း

ကုလီဟန် စုလင်းရှိရာဘက်သို့ လျှောက်သွားပြီး စုလင်းရဲ့ ဘယ်ဘက်ပခုံးပေါ် သူ့ညာဖက်လက်ကို အသာအယာတင်လိုက်သည်။ 

ထို့နောက် အမေကုအား လေးနက်သောအမူအရာဖြင့် ကြည့်ကာ နှုတ်ဆက်သည်။

"အမေ"

ကုလီဟန်ရဲ့ ရုတ်တရက် ​ပေါ်ထွက်လာမှုကြောင့် အ​မေကု အနည်းငယ် အံ့သြသွားခဲ့သည်။  အငှားဆိုင်မှ ဝန်ထမ်းများက ဝတ်စုံကို အပြည့်ပေးချေပြီးကြောင်း ပြောသောအခါတွင် ကုလီဟန်သည် စုလင်း နှင့် သူမ၏ တွေ့ဆုံမှုအကြောင်းကို သိ​သွားပြီ ဖြစ်ကြောင်း သူမသိခဲ့လိုက်သည်။  ချက်ခြင်း ဒီ​လောက် မြန်မြန်ရောက်လာမယ်လို့ သူမမမျှော်လင့်ခဲ့မိရုံပင်။ သူမရဲ့ နှုတ်ခမ်း​ထောင့်စွန်းတို့ ​ကွေးသွားပြီး ​ပြောလိုက်သည်။

“ထိုင်ပါဦး”

စုလင်း ကုလီဟန်ကို မော့ကြည့်လိုက်သည်။  နတ်ဘုရား၏ အမူအရာက ပုံမှန်ထက် တင်းမာ​နေခဲ့သည်။ 

သူ(GLH) က သူ့ကို စိတ်ပူနေတာလား?

စုလင်း သူ့ပုခုံး​ပေါ်က ကုလီဟန်ရဲ့လက်ကို ဆွဲကိုင်ကာ သူ့ကိုယ်ကို ညာဘက်တိုး​ပေးပြီး ဘယ်ဘက်တွင် ကုလီဟန် ထိုင်နိုင်ရန် ​နေရာဖယ်​ပေးလိုက်သည်။ ကုလီဟန်က ငုံ့ကြည့်လာပြီး စုလင်းအနား ဝင်ထိုင်လိုက်သည်။  သူတို့လက်နှစ်ဖက်ကို ထိလိုက်သည်နှင့် စုလင်း သူ့နတ်ဘုရား အလွန် ​တောင့်တင်းလွန်း​နေကြောင်း ချက်ချင်းသတိပြုမိလိုက်သည်။ စုလင်း အနည်းငယ် ထိတ်လန့်သွားရပြီး ခေါင်းကို ​စောင်းငဲ့ကြည့်လိုက်​တော့ နတ်ဘုရားရဲ့ ​အေးစက်​နေတဲ့ ​ဘေးတ​စောင်းမျက်နှာကို မြင်လိုက်ရသည်။ ကုလီဟန်ရဲ့မျက်နှာတွင် မည်သည့် အမူအရာမှ မရှိပါ​ဘဲ အေးစက်ပြီး လေးနက်ပုံသာ ပေါ်​နေသည်။ ဒါက ကုလီဟန် ပုံမှန်ဆို သူ့​ရှေ့မှာ ပြုမူတတ်ပုံနဲ့ လုံးဝ မတူ​ပေ။ စုလင်း တွေးနေရင်းနဲ့ သူ့လက်ကို ရုတ်တရက် အောက်ကို ​လျောချသွားပြီး ကုလီဟန်ရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now