Chapter - 57 (U+Z)

8.7K 1.4K 65
                                    

UNICODE

အခန်း ၅၇ - ငွေရှာခြင်း

စုလင်း ဖုန်းကို အမည်မသိနံပါတ်များအတွက် 'မနှောင့်ယှက်ရမုဒ်'(do not disturb mode) ​ပြောင်းသည်။ ထို့နောက် ပျော့ပျောင်းနူးညံ့​နေသော ခေါင်းအုံးထဲသို့ ​ခေါင်းစိုက် ထိုးဆင်းကာ မျက်နှာကို ​ခေါင်းအုံးနဲ့ ပွတ်တိုက်လိုက်သည်။

ကုလီဟန်က သူ့ရဲ့ ပျော့အိနေတဲ့ ဆံပင်တွေကို ညင်သာစွာ ပွတ်သပ်​ပေးပြီး ​ပြောလာသည်။

"ဒါ တစ်ခုခု မှား​နေသလိုပဲ။ မင်းခဏ​လောက် ထပ်အိပ်လိုက်ဦး။ ဘာဖြစ်သွား​သေးလဲဆိုတာ ကိုယ် စစ်​ဆေး​ထားလိုက်မယ်"

"မှား​နေတယ်?"

စုလင်း ကုလီဟန်ကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။

ကုလီဟန်က ကုတင်ခေါင်းရင်းကို မှီပြီး သူ့လက်ကောက်မှ သုံးဖက်မြင် မျက်နှာပြင်ကို အမူအရာမဲ့စွာ စိုက်ကြည့်​နေသည်မှာ အလွန်အမင်း​ ​လေးနက်နေပုံလျက်။ ထို့​ကြောင့်ပင် စုလင်း ချက်ခြင်း လန့်သွားရသည်။ သူလည်း ထထိုင်လိုက်ပြီး သုံးဖက်မြင် ဖန်သားပြင်ကို ကြည့်လိုက်သည်။

ကုလီဟန်က စုလင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ညအိပ်ဝတ်စုံရဲ့ ​ကော်လံကို မြင့်မြင့်ဆွဲတင်​ပေးသည်။

"အ​အေးမမိ​စေနဲ့"

​ပြောလာသည့် သူ့အသံက နက်ရှိုင်းအက်ရှ​နေခဲ့သည်။

စုလင်း မျက်ခုံးပင့်ကာ ခေါင်းငုံကြည့်လိုက်သည်။ ထို့နောက် သူက နာခံစွာပင် သူ့ညဝတ်အင်္ကျီကို ကြယ်သီးတပ်လိုက်သည်။

"ဒါ အင်ပါယာစစ်​ဆေးရုံ ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်က ထုတ်ပြန်ချက်ပဲ"

ကုလီဟန်က သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး သုံးဖက်မြင် ဖန်သားပြင်ကို ညွှန်ပြသည်။

"ရှန်းမိုယွီရဲ့ ပိုင်ရှင်ကို ထုတ်​ဖော်ပြောဆိုထားတာ မရှိဘူး။"

စုလင်း က စာပိုဒ်ကို အသံတိုးတိုးလေးနဲ့ ဖတ်ကြည့်လိုက်သည်။

"မာရှယ်မန်တန်ရဲ့ အခြေအနေ ပြန်ကောင်းလာပြီးနောက်မှာ ကုသနည်း အသစ် ရှာ​ဖွေတွေ့ရှိခဲ့ပါသလားဟု လူအများက မေးခဲ့ကြတယ်။ အဖြေကတော့ ဟုတ်ပါတယ်။ အဲ့ဒါဟာ သိပ်မကြာသေးမီကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ S အဆင့်  စိတ်ဝိညာဉ်ပင် ရှန်းမိုယွီ ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကုန်ကြမ်း​တွေက အ​နက်​ရောင် အမှုန်အမွှားတွေကို ဖယ်ရှား​ပေးနိုင်ပြီး အမှုန်အမွှားတွေကြောင့် ဖြစ်လာတဲ့ ထိခိုက်ပျက်စီးခြင်းကို ကုသပေးနိုင်ပါတယ်။ သုတေသနဌာနဟာ လူသားနည်းပညာနဲ့ တုပ ကုသနည်းကို ပြန်လည်ဖန်တီးခြင်းအတွက် သုတေသနပြုနေတာကြောင့် လူတိုင်းစိတ်ချထားနိုင်ပါတယ်။"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now