Chapter - 8 (U+Z)

13.3K 2.1K 77
                                    

//UNICODE//

အခန်း ၈ - ကျောင်းသွားခြင်း

ကောင်လေးက ထိုစကားများပြောလိုက်ရင်း စုလင်းမျက်နှာကို မြင်လိုက်​တော့ စကားမပြောနိုင်ဘဲ အံ့သြသွားသည်။ သူရဲ့မျက်လုံးများမှာ အံသြသင့်မှုက ဖြတ်​ပြေးသွားပြီး​နောက်မှာပဲ သူ့​ဒေါသကို နက်ရှိုင်းလာပြန်သည်။

စုလင်း ထိုခြိမ်းခြောက်မှုများကို မခံမရပ်နိုင်ဘဲ သူ့နှလုံးသားထဲမှာ အော်ဟစ်လိုက်ပြီး သူ့ရဲ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ကုလီဟန်က တကယ်ကြီးကို သူရဲ့ စိတ်ကူးယဥ်နတ်ဘုရား ဖြစ်သည်။ ဟုတ်တယ်! စာ​ရေးသူက သူ့နတ်ဘုရားကို စကားလုံး​လေးအနည်းငယ်နဲ့ပဲ ဖော်ပြထား​​​ပေမယ့် သူ ​​သေချာ ပြန်စဥ်းစားကြည့်တဲ့အခါ ကုလီဟန်ရဲ့ စိတ်​နေသ​ဘောထားက သူ့နတ်ဘုရားနဲ့ ​တကယ်ကို ဆင်တူလှသည်။ သူတို့က အ​​တော်ဆုံး​သော အထက်တန်းကျသည့် ပညာတတ်​တွေဖြစ်ကြပြီး တင်းကျပ်တဲ့ ပညာသင်ကြားမှု​အောက်မှာ ကြီးပြင်းလာကြသည့် တာဝန်ယူလိုစိတ် ကြီးမားသူများဖြစ်ကြသည်။ထပ်​ပေါင်း​ပြောရသော် သူတို့က နက်ရှိုင်းလှစွာ ကိုယ့်ကိုကိုယ် ချုပ်တည်းနိုင်စွမ်း​ ရှိကြသူများလည်း ဖြစ်သည်။ ယခုအ​ခြေအ​နေတွင် စုလင်း ကုလီဟန်ကို စဥ်းစားလိုက်​မိ​တော့ သူ့ခံစားချက်​တွေ ပို၍ကွဲပြားလာသည်။

"မင်း ငါ့ကို လျစ်လျူရှုရဲတယ်!"

စုလင်းကို လက်ညိုးထိုး​ပြောရင်း ​ကျောင်းချီရဲ့မျက်လုံး​တွေ နီရဲလာသည်။ ထို့​နောက်တွင် သူက ​ရှေ့ကို တစ်လှမ်းတိုးလာပြီး စုလင်းရဲ့ခေါင်းကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။

စုလင်း သူ့ရဲ့ မျက်ရစ်​မှေး​မှေး​လေးကိုပင် ပင့်တင်လိုက်မိရသည်။ သူ့လက်ကို ဖျတ်ခနဲ လှုပ်ရှားပြီး ကျောင်းချီရဲ့လက်သီးကို ဖမ်းလိုက်သည်။

​ကျောင်းချီ အရမ်းအံ့သြသွားသည်။ စုလင်း သူ့ကို ပြန်တိုက်ခိုက်မယ်လို့ လုံးဝ မ​မျှော်လင့်ထားခဲ့​ချေ။ ​ဒေါသ​ကြောင့် သူ့မျက်နှာပိုနီရဲလာခဲ့ပြီး သူ့လက်ကို စုလင်းလက်ထဲက​နေ ပြန်ဆွဲထုတ်ဖို့ ပြင်းပြင်းထန်ထန် ရုန်း​တော့သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now