Chapter 27 (U+Z)

11.4K 2.2K 161
                                    

//UNICODE//

အခန်း ၂၇ - [ဆက်သွယ်ရန်]

ဖုန်းထဲက missed call​တွေအရ ကုလီဟန်သူကို အရမ်းစိတ်ပူ​နေခဲ့တယ်ဆို စုလင်း သိလိုက်ရတဲ့အတွက် အမြန်ပြန်​ပြောလိုက်ရသည်။

"ကျွန်​တော်ပါ။ ကျွန်​​တော် အဆင်​ပြေပါတယ်"

ကုလီဟန် တိတ်တဆိတ် သက်ပြင်းချမိ​သော်လည်း အပြည့်အဝ​တော့ စိတ်မချနိုင်​သေး​ပေ။ ​ကောင်ငယ်​လေးရဲ့အသံဟာ အားနည်း​နေစ​ယောင် ​ဖျော့​တော့တိုးလျ​နေခဲ့သည်။

သူ ဒဏ်ရာများရထား​လေသလား?

ကုလီဟန် မြန်မြန်​ မေးလိုက်မိသည်။

"မင်း အခု ဘယ်မှာလဲ?"

စုလင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့ဦး​ခေါင်းအထက်တွင် သဘာဝအတိုင်းဖြစ်​နေ​သော ​ငေါထွက်သည့်​ကျောက်တုံးအကြီးကြီးရှိ​နေပြီး ညာဘက်တွင် စိမ်းစို​နေ​သော သစ်ပင်ကြီးများ​နှင့် မတ်​စောက်​​သော ချောက်ကမ်းပါး တစ်ခုရှိသည်။ သူ့​အောက်တွင် ​ရေညှိများ​ပေါက်​နေ​သော ​ကျောက်နံရံရှိ​နေပြီး အထက်ဘက်မှ စီးကျလာ​သော စိမ့်စမ်းငယ်တစ်ခုကို မြင်​ရသည်။ ဤကဲ့သို​သော မြင်ကွင်းမျိုးသည် ​​​တော​တောင်များတွင် အလွန် ​တွေ့​ရများသည်။ စုလင်း အ​ခြေအ​နေကို ​ပြောပြလိုက်ပြီး

"ကျွန်​တော်​ နေရာအတိအကျ​တော့ မသိဘူး"

ကုလီဟန်:"မင်း အခု​ရောက်​နေတဲ့ ကိုသြဒိနိတ်ကို ကိုယ့်ဆီပို့​ပေး"

စုလင်း: "​ဟုတ်"

စုလင်း ဖုန်းချရန် ပြင်လိုက်စဥ် ကုလီဟန်​ပြောလာသည်ကို ကြားလိုက်ရသည်။

"ဖုန်းမချလိုက်နဲ့။ အဆက်သွယ် မပြတ်စေနဲ့"

စုလင်း ပြုံးလိုက်မိပြီး ပြန်​ဖြေလိုက်သည်။

"ဟုတ်ကဲ့"

စုလင်း လက်ရှိ ကိုသြဒိနိတ်ကို ကုလီဟန်ဆီ ပို့​ပေးလိုက်ပြီး​နောက်မှာပဲ ကုလီဟန်ရဲ့ အသံကို လက်​ကောက်မှ တစ်ဆင့် ကြားလိုက်ရသည်။

"တည်​နေရာ အတိုင်း သွားကြမယ်"

ဤသည်မှာ တစ်စုံတစ်​ယောက်နှင့်​ပြော​နေသည်မှာ ထင်ရှား​ပေသည်မို့ စုလင်း မ​နှောက်ယှက်​တော့​ပေ။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now