Chapter - 12 (U+Z)

12.1K 2.1K 42
                                    

//UNICODE//

အခန်း ၁၂ - ရင်းနှီးမှု

"တောင်းပန်ပါတယ်။ ချီချီက ဒီတိုင်း ​လျှောက်​ပြော​နေတာပါ။ သူတကယ် မရည်ရွယ်ပါဘူး"

စုလင်းလက်ထဲမှာ ကိုင်ထားသည့် အ​မွှေးအိတ်ကို ကြည့်ရုံဖြင့်ပင် ကုလီဟန်နဲ့ စုလင်းရဲ့ ပတ်သတ်မှုက မရိုးရှင်း​ကြောင်း ​ကျောင်းချင် ခံစားမိလိုက်ရပြီး သူ့ညီကိုယ်စား ကမန်းကတမ်း​ တောင်းပန်လိုက်သည်။

စုလင်းက နှုတ်ခမ်းကို သပ်လိုက်ပြီး

"အဲ့အ​ကြောင်း​တွေ ရဲ​တွေကိုသာ ​ပြောပြလိုက်​တော့"

​ကျောင်းချီ ချက်ချင်းပင် ​ကြောက်လန့်သွားပြီး

"မင်း..မင်းရဲ​​ခေါ်လိုက်တယ်?"

ကား​မောင်းသူလည်း ကြက်​သေ​သေသွားရကာ ယာဥ်​မောင်းထိုင်ခုံက​နေ​ ​ခေါင်းပြူထွက်လာပြီး

"မင်း ဘယ်အချိန်က ရဲ​ခေါ်လိုက်တာလဲ? မဟုတ်ဘူး..ငါ​ပြောချင်တာ...မင်းဘာလို့ ရဲ​ခေါ်လိုက်တာလဲ?"

စုလင်း ထိုသူ့ကို ခပ်​အေး​အေးပင် စိုက်ကြည့်လိုက်ပြီး

"Pheromone ​တွေနဲ့ တိုက်ခိုက်ခံရရင် Isolator ဖယ်တာက အ​ခြေအ​နေ​တွေ ပိုဆိုးသွား​စေမယ်ဆိုတာ ​ဦး​နှောက်ရှိတဲ့ လူတိုင်းသိတယ်"

နဂိုက တစ်ဖက်သတ် တိုက်ခိုက်မှုက​နေ နှစ်ဖက်လုံးအတွက် အကျိုးသက်​ရောက်မှုက ပိုပြင်းထန်လာ​စေလိမ့်မည်။ ထိုအရာ​တွေ ထည့်မတွက်လျှင်ပင် ကား​မောင်းသမားသွား​နေတဲ့ လမ်း​ကြောင်းက ​မွှေးရနံ့ဘားဆီ ဦးတည်​နေတာ လုံးဝကို မဟုတ်​ပေ။ စုလင်း ရဲ​ခေါ်လိုက်ရတာက တကယ်ကို မ​တော်တဆပင်။ ​နောက်ကွယ်မှာ ​ကျောင်းချီနဲ့ ပတ်သတ်​နေလိမ့်မည်ဟု စုလင်းလည်း မ​မျှော်လင့်ခဲ့မိပါ​ချေ။ စုလင်း စကားဆုံးဆုံးချင်းမှာပင် ရဲကားအသံက သူတို့ရှိရာနှင့် တဖြည်းဖြည်း နီးနီးလာသည်။

​ကျောင်းချီ ​ကြောက်အားလန့်အားနဲ့ ​ကျောင်းချင်ရဲ့ လက်​မောင်းကို ဆုပ်ကိုင်လိုက်ပြီး

"အစ်ကို ငါ.. ဘယ်လိုလုပ်ရမလဲ?"

သူ စုလင်းကို လှည့်ကြည့်လိုက်ပြီး

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now