Chapter - 19(U+Z)

11.9K 2.1K 86
                                    

//Unicode//

အခန်း ၁၉ - Congratulations

ကုလီဟန်ရဲ့တိုက်တွန်းမှု​ကြောင့် စုလင်း ​ငွေရောင်ကြယ်သီး​လေးကို ယူလိုက်ပြီး ခဏမျှကြာသည်အထိ ​အ​ရှေ့အ​နောက်အပြန်ပြန် အလှန်လှန် ကြည့်​နေမိသည်။ ပြီး​တော့ သူ​ ရှုပ်​ထွေး​နေသည့်ဟန်ဖြင့်

"ကျွန်​တော် ဒါကို ဘယ်လို သုံးရမှာလဲ?"

တကယ်​တော့ စုအိမ်​တော်က စုလင်းနဲ့ ဆက်ဆံ​ရေးဖြတ်​တောက်လိုက်သည့် သတင်းထွက်လာကတည်းက ကုလီဟန် သူတို့ရဲ့​နောက်​ကြောင်းကို စစ်​ဆေးခဲ့သည်။ စုမိသားစုက ဆယ်စုနှစ်၂ခု​လောက်အတွင်းမှာ အလျင်အမြန်တိုးတက်လာခဲ့သည့် အိမ်​တော် တစ်ခုဖြစ်သည်။ စုမိသားစုရဲ့ ​နောက်ခံက သိပ်မကြီးမား​​ပေမယ့် ​တော်​တော်​လေး​တော့ ချမ်းသာကြသည်။ သို့​သော်လည်း စုလင်း​အတွက်က​တော့ သို​လှောင်ပစ္စည်းကို​တောင် ဘယ်လိုဖွင့်ရမှန်း မသိရှာ​​ချေ။ အဲ့ဒါက စုလင်းအ​နေနဲ့ တစ်ခါမှ မြင်ဖူးတာ​ကြောင့်ဖြစ်​စေ သို့မဟုတ် သူ့မှတ်ဥာဏ်​တွေ ​ပျောက်ဆုံး​နေတာ​ကြောင့်ဖြစ်​စေ ​​တော်​တော် စိတ်မ​ကောင်းဖြစ်စရာပင်။

ကုလီဟန်က စိတ်ရှည်လက်ရှည် ရှင်းပြ​ပေသည်။

"ဒီ​​သလင်းကျောက်​လေး​နောက်မှာ ခလုတ်က​လေးရှိတယ်။ သို​လှောင်ခန်းကို ဖွင့်ချင်ရင် အဲ့ဒါ​လေးကို နှိပ်လိုက်။ ပထမဆုံးအကြိမ်ဖွင့်တဲ့အချိန်မှာ မင်းရဲ့အသံနဲ့လက်​ဗွေကို မှတ်တမ်းတင်ထားဖို့​တော့ လိုတယ်။ အဲ့ဒါဆို ​နောက်တစ်ကြိမ် ဖွင့်ချင်ရင် မင်းရဲ့အသံနဲ့ဖြစ်ဖြစ် လက်ဗွေနဲ့ဖြစ်ဖြစ် ဖွင့်လို့ရသွားပြီ။"

စုလင်းက ​နေရာလွတ် သို​လှောင်ခန်းကို သုံးဖို့ ကုလီဟန်ရဲ့ ညွှန်ကြားချက်​တွေအတိုင်း ​သေချာသင်ယူ​လိုက်သည်။ စုလင်း သို​လှောင်ခန်းရဲ့အတွင်းကို မြင်လိုက်ချိန်တွင် ထိတ်လန့်သွားခဲ့ရ​တော့သည်။ ကုလီဟန်ကို လှည့်ကြည့်လိုက်ပြီး ​မေးလိုက်သည်။

"ဒါက​ မီတာ၂၀ကျယ်တဲ့ ​နေရာလွတ် သို​လှောင်ခန်း?"

ကုလီဟန်: "အမ်း...မင်းယူခဲ့ချင်တဲ့ မင်းရဲ့အသုံးအ​ဆောင်​တွေလည်း ထည့်လို့ရ​အောင်​လေ။ တကယ်လို့ ​နေရာမ​လောက်ရင်လည်း ကိုယ့်ရဲ့သို​လှောင်ခန်းထဲမှာ မင်းပစ္စည်း​တွေ ထားလို့ရတယ်"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now