1.

2.6K 30 0
                                    

🔥 My boyfriend is so hot🔥

Ch - 1

1.

" ခွေးသူတောင်းစား အညို .... ဘယ်အချိန်အထိအိပ်မှာလဲ ..... သေတဲ့အထိလား "

ဟူသော မနက်ခင်းတေးသံသာကြောင့် နေရိပ် အိပ်ချင်မူးတူးဖြင့် ကုတင်ပေါ်တွင်ငုတ်တုတ်ထထိုင်လိုက်သည် ။ ထိုအခါ စာကြည့်စားပွဲပေါ်တွင် တင်ပါးလွှဲထိုင်နေသော ကိုးကိုတွေ့ရသည် ။ ကိုးက မိမိထလာသည်ကိုမြင်သည်နှင့်

" သေများနေပြီလားမှတ်ရတယ် ..... ဒီနေ့ ကျောင်းပထမဦးဆုံးတက်ရမဲ့နေ့လေ ..... စောစောစီးစီးထပြီး ပြင်ဆင်ရမှာပေါ့ "

ဟု အဖေဖြစ်သူလေသံဖမ်းကာ ဟောက်နေသည် ။ မိမိထက် ခြောက်လကျော်ငယ်သည့်လူက ယခုလိုဆရာလာလုပ်နေခြင်းကို မခံလိုသော်လည်း အနှီသူကောင်းသားလေး၏ အမြဲတစေ ဆရာလုပ်ချင်နေသောစိတ်ကိုသိသောကြောင့် အထွန့်တက်မနေတော့ပဲ

" စောက်စကားရှည်လိုက်တာ ကိုးရာ ..... ထတစ်ခွန်းပြောရင်လည်း ထမှာပဲကို "

ဟု ပြောကာ ကုတင်ပေါ်မှဆင်း၍ ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။

2.

နေရိပ်က လှေကားအတိုင်း ရိုးရိုးဆင်းလာသော်လည်း သေလျှင်မျောက်ဖြစ်မည့်လူသား ကိုးက လက်ရန်းကိုလျှောစီးလာသဖြင့်

" ခွေးကောင် .... သေနာထချင်ရင် ကိုယ့်အိမ်ကိုယ်ပြန်ထ .... ငါ့အိမ်လာမထနဲ့ "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ကိုးက ပေစောင်းစောင်းဖြင့်ကြည့်ကာ

" အဲ့ဒီလောက်အရမ်းတွေချစ်ပြပြီး စိုးရိမ်မနေနဲ့ ..... ငါကအသက်တစ်ရာလောက်အထိနေမှာမို့လို့ .... မင်းသာငါ့ထက်အရင်သေမသွားစေနဲ့ "

ဟု ပြောသည် ။ အောက်ထပ်သို့မဆင်းသေးပဲ လှေကားတွင်ရပ်ကာ စကားများနေကြသော မိမိတို့နှစ်ယောက်ကိုကြည့်၍ အိမ်တော်ထိန်းကေသီက

" သားတို့ လာကြလေကွယ် ..... ရန်ဖြစ်မနေကြနဲ့တော့ ..... မနက်စာတွေအေးကုန်တော့မယ် "

ဟု လှမ်းပြောသည် ။ ကေသီစကားအဆုံးတွင် ကိုးက မိမိကိုလှမ်းကြည့်ကာ

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now