22

711 26 0
                                    

🔥 My boyfriend is so hot 🔥

Ch - 22

1.

မည်သည့်စကားမှပင်မပြောရသေး

" ကိုး .... ဒီညမင်းအိမ်မှာမင်းအိပ်နော် "

ဟု ဇွတ်နှင်နေသော အညို့ကို ကိုး မော့ကြည့်လိုက်ပြီး

" နေပါအုံး .... ငါကဘာပြောရသေးလို့ မင်းကအတင်းတွေမောင်းထုတ်နေတာလဲ "

ဟူ၍ မေးလိုက်သည် ။ ထိုအခါမှ အညိုက ရယ်ပြ၍

" Monday ကျရင် ငါ Tuotorial ရှိတယ် ကိုးငယ်ရာ .... စာလုပ်ရမယ် "

ဟု ပြောသည် ။ ထို့ကြောင့် နှုတ်ခမ်းကိုမဲ့လိုက်ပြီး

" နေရိပ်ညိုက ထူးထူးဆန်းဆန်းစာလုပ်မယ်တဲ့ .... ပြီးတော့ Friday ကြီးမှာ "

ဟု ပြောလိုက်သည် ။ အညိုက ဤစကားကို

" ကိုးငယ်ကလိမ္မာပါတယ်ကွာ .... မနက်ဖြန် ဘုန်းကြီးကျောင်းသွားရင်း Water Park လိုက်ပို့မယ်လေ "

ဟု ချော့၍ပြန်တုံ့ပြန်သဖြင့် ပေစောင်းစောင်းဖြင့်ကြည့်လိုက်ပြီး

" အိုကေ .... မင်းစကားနဲ့မင်းနော် အညို "

ဟူ၍ ပြောလိုက်သည် ။

2.

အညိုနှင့်အတူရှိနေလျှင် မသိသာသော်လည်း အညိုမရှိသည်နှင့် ကိုး၏ခေါင်းထဲသို့ ဖခင်ဖြစ်သူသေဆုံးသွားသည့်နေ့ကဖြစ်ရပ်များသည် ရုပ်ရှင်အနှေးပြကွက်ကဲ့သို့ ဝင်ရောက်လာသည် ။ ထို့အပြင် မိခင်ဖြစ်သူ၏အကြောင်းများနှင့် မိခင်ဖြစ်သူသေဆုံးသွားသည့်ပုံရိပ်များကပါ အဆစ်ပါသေးသဖြင့် ခေါင်းခြောက်ရသည် ။ နိုးနေလျှင် ဤအကြောင်းအရာများကို အလုပ်နှင့်ဖိထား၍ရသော်လည်း အိပ်ပျော်သွားသောအခါတွင်မူ အိပ်မက်ဆိုးများအဖြစ်ပြောင်းလဲသွားကာ ကောင်းကောင်းမအိပ်ရပဲ ထိတ်လန့်နေရသည် ။ ထို့ကြောင့် အိပ်ပျော်မသွားစေရန် ကဖိန်းဓာတ်၏ အကူအညီယူနေရသည် ။ ယခုလည်း ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်နေအောင်အလုပ်ပေးရင်း ယနေ့ညအတွက် တတိယမြောက်ကော်ဖီခွက်ကို ကောက်ကိုင်လိုက်သည် ။ ထိုစဉ် ကိုစိုးမိုးက စတုတ္ထမြောက်ခွက်ဖြစ်လာမည့်ကော်ဖီခွက်ကိုယူ၍ အခန်းထဲဝင်လာသည် ။ ကော်ဖီသောက်ရင်း သမ်းနေသည့်မိမိကိုကြည့်၍

🔥 My boyfriend is so hot 🔥(21)Onde histórias criam vida. Descubra agora