9

1.1K 39 0
                                    

🔥 My boyfriend is so hot🔥

Ch - 9

1.

အညိုက

" ဒီမှာလာထိုင် ကိုး "

ဟု ပြောကာ မြက်ခင်းကိုလက်ဖြင့်ပုတ်ပြသဖြင့် ကိုး ဖိနပ်ခု၍ အညို့ဘေးတွင်ဝင်ထိုင်လိုက်သည် ။ ထိုအခါမှ အညိုကပြုံး၍

" မင်းဂျပ်ဆင်မျှော်စင်ကိုကြည့်ချင်တယ်လို့ပြောဖူးတာသတိရသွားလို့ "

ဟု ပြောသည် ။ အညိုက ဤစကားကို သာမာန်ပင်ပြောလိုက်ခြင်းဖြစ်သော်လည်း မိမိစိတ်ထဲတွင်မူ နွေးထွေးသွားရသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" မင်းကမှတ်မိသားပဲ "

ဟု ပြောလိုက်သည် ။ အညိုက ဤစကားကို

" ငါ့ဘဝမှာမင်းကအရေးအပါဆုံးပါဆို မမှတ်မိပဲနေမလားကွ "

ဟု ပြန်တုံ့ပြန်သဖြင့် ကြည်နူးစွာပြုံးလိုက်ပြီး အညို့ခေါင်းကို ဖွဖွပွတ်လိုက်ကာ

" မင်းရှိနေလို့ပဲ အခုအချိန်အထိငါအဆင်ပြေနေသေးတာထင်တယ် "

ဟူ၍ ပြောလိုက်သည် ။

2.

တွေးရင်းငေးရင်းနှင့် ခပ်ဖြည်းဖြည်းလမ်းလျှောက်နေသောကိုးကို နေရိပ် မျက်တောင်မခတ်တမ်း လိုက်ကြည့်နေသော်လည်း ကိုးကမူ ဤသည်ကိုသိဟန်မတူ ။ ယခုမှ အရုပ်အသစ်ရသည့်ကလေးတစ်ယောက်ကဲ့သို့ မြင်မြင်သမျှကို လိုက်စူးစမ်းနေသည် ။ ထို့ကြောင့် ကိုး၏ပုခုံးကိုဖက်လိုက်ပြီး

" ကိုး .... အကယ်၍ မင်းသာမင်းလူတွေကိုဦးဆောင်ရမဲ့လူအဖြစ်မမွေးဖွားလာခဲ့ဘူးဆိုရင် အခုနေဘာလုပ်နေလောက်မလဲ "

ဟု မေးလိုက်သည် ။ ဤမေးခွန်းကိုကြားသောအခါ ကိုးက အားရပါးရပြုံး၍

" ဘာလုပ်နေရမလဲ ..... မင်းနဲ့အတူကျောင်းတက်နေမှာပေါ့ "

ဟု ဖြေသည် ။ ထိုအဖြေကိုပြန်ပေးသော ကိုး၏မျက်နှာကပြုံးနေသော်လည်း မျက်ဝန်းထဲတွင် ဝမ်းနည်းသည့်အရိပ်အယောင်များကို ဖြတ်ကနဲမြင်လိုက်ရသောကြောင့် ကိုး၏ပုခုံးကို ပိုတင်းကြပ်အောင်ဖက်လိုက်ကာ

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now