36

659 24 0
                                    

🔥 My boyfriend is so hot 🔥

Ch - 36

1.

" ဘယ်အရာကိုမှ စိတ်မြန်လက်မြန်မလုပ်စမ်းနဲ့ အညို .... မင်းရှေ့လျှောက်ဒီအလုပ်တွေဆက်လုပ်နေအုံးမယ်ဆိုရင် သည်းခံနိုင်ဖို့လိုတယ် "

ဟူသော ကိုး၏စကားကို အညို ကျေနပ်မည်မဟုတ်မှန်းသိသောကြောင့် အညို့လက်ကို ဖွဖွဆုပ်ကိုင်လိုက်ပြီး

" အခုမင်းဘေးမှာငါရှိနေပြီပဲ .... မင်းက,ကလဲ့စားချေလိုက် သူတို့က,ကလဲ့စားချေလိုက်နဲ့ဆို ဒီပြသနာတွေက ပြီးတော့မှာမဟုတ်ဘူး အညို .... လူ့ဘဝကတိုတိုလေးပါ .... အဲ့ဒါကြောင့် ငါတို့တွေအမုန်းတွေမပွားပဲ သည်းခံကြရအောင် "

ဟု ပြောလိုက်သည် ။ အညိုက ကျေနပ်ပုံမရသော်လည်း ဤကိစ္စအကြောင်းထပ်မပြောတော့ပဲ

" ငါ့ကိုသည်းခံစေချင်ရင် ငါ့အနားမှာမင်းရှိနေမှရမယ်နော် ကိုး .... မင်းမရှိတော့ရင် ငါ့သည်းခံမှုတွေလည်းရှိတော့မှာမဟုတ်ဘူး "

ဟု ပြောသဖြင့် ပြုံး၍ခေါင်းညိတ်ပြလိုက်သည် ။

2.

ကိုးက ပုံမှန်အတိုင်းပြန်ဖြစ်နေပြီဖြစ်သော်လည်း နေရိပ်ကမူ ယခုအချိန်အထိ ကိုးကိုစိတ်မချနိုင်သေး ။ မိမိမသိလိုက်ခင် ၊ သတိမထားမိလိုက်ခင် တစ်ခုခုဖြစ်သွားမည်ကိုစိုးရိမ်သည် ။ ထို့ကြောင့် ကိုးကိုမျက်ခြေမပြတ် လိုက်စောင့်ကြည့်နေမိသည် ။ ယခုလည်း စောင့်ကြည့်နေရင်း ကိုးကအိပ်ပျော်သွားသဖြင့် အနားသို့ကပ်ကာ ကိုး အသက်ရှု/မရှုကို စမ်းကြည့်မိသည် ။ အသက်ရှုနေကြောင်း သေချာသောအခါမှ သက်ပြင်းချနိုင်သည် ။ ကိုးအဆင်ပြေကြောင်း သေချာသွားသောကြောင့် လုပ်လက်စအလုပ်ကို ဆက်လုပ်ရန်ဟန်ပြင်လိုက်သည် ။ ထိုစဉ် စားပွဲခုံပေါ်တွင်တင်ထားသော ကိုး၏ဖုန်းက တုန်သွားပြီး ဖုန်းမျက်နှာပြင်က လင်းလာသည် ။ စပ်စုရန်စိတ်ကူးမရှိသော်လည်း ယခုတလော ကိုးတစ်ယောက် ဖုန်းနှင့်မျက်နှာမခွာသည်ကို သတိထားမိသောကြောင့် ဖုန်းကိုယူကြည့်လိုက်သည် ။

Dating application တစ်ခုထံမှ noti ဝင်ခြင်းဖြစ်ကြောင်း သိလိုက်ရသောကြောင့် ကိုးကိုကြည့်လိုက်ပြီး

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now