28

613 28 0
                                    

🔥 My boyfriend is so hot 🔥

Ch - 28

1.

ကိုစိုးမိုးက အခင်းဖြစ်နေရာကို နောက်ထပ်တစ်ကြိမ် သွားရောက်လေ့လာကြည့်ရှုရာမှ ကိုးအားလုပ်ကြံသွားသည့်လူ ထွက်ပြေးသွားသောနေရာနှင့်မလှမ်းမကမ်းတွင် စီစီတီဗီတစ်လုံးကိုရှာတွေ့သည် ။ ကံကောင်းထောက်မစွာဖြင့် ထိုစီစီတီဗီက ကိုးအားလုပ်ကြံသွားသူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရိုက်မိထားသည် ။ ထို့ကြောင့် ထိုလူ၏ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် ထိုလူ့ကိုယ်တွင်ရှိသော တက်တူးကဲ့သို့ အမှတ်အသားကိုပါ စီစီတီဗီမှတဆင့် တွေ့လိုက်ရသည် ။ ထိုလူက ကိုးအနားတွင်မူ ကိုယ့်ကိုယ်ကိုယ်အလုံခြုံဆုံးဖြစ်အောင် ကာကွယ်လာသော်လည်း ကိုးအားလုပ်ကြံပြီးသည်နှင့် တာဝန်တစ်ခုပြီးဆုံးသွားလေပြီဟုတွေးကာ စိတ်ပေါ့ပါးသွားဟန်တူသည် ။ ဝတ်ထားသောအင်္ကျီ ၊ ဦးထုတ်တို့ကို ချက်ချင်းပင်ချွတ်၍ စီစီတီဗီအနီးရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့်သွားသည် ။ ထိုသို့ပစ်ထည့်သွားသောကြောင့် လည်ပင်းတွင်ရှိသော တက်တူးကဲ့သို့ ထင်ရှားသောအမှတ်အသားကို နေရိပ်တွေ့လိုက်ရသည် ။

သို့သော် ....
စီစီတီဗီနှင့် ထိုလူ့အကြားအကွာအဝေးက ဝေးလွန်းသောကြောင့် မျက်နှာနှင့် လည်ပင်းမှအမှတ်အသားကိုကွဲပြားစွာမမြင်ရ ။ ထိုအမှတ်အသားရှိကြောင်းကိုသာ သိရသည် ။

စီစီတီဗီက ထိုလူ့ကိုရိုက်မထားမိသော်လည်း ထိုလူစီးသွားသည့်ကားကိုမူ အမိအရရိုက်ထားလိုက်နိုင်သည် ။ ကားနံပတ်ပြားက တစ်ရာ,ရာခိုင်နှုန်း အတုဖြစ်နေမည်မှာသေချာသော်လည်း ထိုအတုကပင် အစစ်ဆီသို့ ခေါ်ဆောင်သွားနိုင်သည့် တစ်ခုတည်းသောသက်သေဖြစ်သောကြောင့် ကိုစိုးမိုးကို

" အဲ့ဒါဆို ကျွန်တော်တို့စလိုက်ကြမလား "

ဟု ပြောလိုက်သည် ။

2.

ကိုစိုးမိုးက စီစီတီဗီထဲမှနံပတ်ပြားကိုရှာနေစဉ် နေရိပ်က လည်ပင်းတွင်တက်တူးကဲ့သို့အမှတ်ရာပါသောထိုလူနှင့်ပတ်သတ်သည့်အချက်အလက်များကို ရှာဖွေသည် ။

သို့သော် ....
မိမိ၏ရှာဖွေမှုက ထင်ထားသလောက်အရာမထင် ။

မိမိ၏ရှာဖွေမှုက မအောင်မြင်သော်လည်း ကိုစိုးမိုးကမူ အောင်မြင်သည် ။ ထိုကား၏နံပတ်ပြားသည် အတုဖြစ်သည့်အပြင် ထိုကားကိုပိုင်ဆိုင်သူ၏ အချက်အလက်များကိုပါ ရှာတွေ့သည် ။ ထို့ကြောင့် ကိုစိုးမိုး၏ ရှာဖွေတွေ့ရှိမှုများမှတဆင့် တရားခံကို ဆက်လက်စုံစမ်းကြရတော့သည် ။

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now