14.

330 6 2
                                    

🔥 My boyfriend is so hot 🔥

Ch - 14

1.

စစဉ်ကစပြီး ယခုမှ မျက်နှာငယ်နှင့်လုပ်နေသောကိုး၏ခါးကို နေရိပ် နာအောင်ဆောင့်ကန်လိုက်ပြီး

" မင်းကြောင့်ငါနှလုံးရပ်ပြီးသေတော့မလို့သိရဲ့လား ခွေးကောင်ရဲ့ "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ကိုးက

" ငါမရည်ရွယ်ပါဘူး .... မင်းကအသဲအသန်တြွေဖစ်နေတာကိုး "

ဟု ပြောပြီး အနားသို့ရွှေ့ထိုင်သည် ။ ထို့ကြောင့် မျက်စောင်းထိုးလိုက်ပြီး

" နောက်တစ်ခါအဲ့ဒီလိုစရင် ငါမင်းကိုတကယ်အသေသတ်ပစ်မှာနော် .... သိလား "

ဟု ပြောလိုက်သည် ။ မျက်နှာငယ်နှင့် ခေါင်းညိတ်ပြလာသူကြောင့် သက်ပြင်းရှိုက်လိုက်ပြီး

" အဲ့ဒါဆိုထတော့ .... မနက်စာသွားစားမယ် .... ငါဝယ်ကျွေးမယ် "

ဟု ပြောလိုက်သည် ။ ကိုးက ခေါင်းညိတ်၍

" ခဏစောင့် .... အခုပဲပြန်လာမယ် "

ဟု ပြောကာ ကုတင်ပေါ်မှဆင်းသွားသဖြင့် လွတ်သွားသောနေရာတွင် လှဲလိုက်သည် ။

2.

မိမိမိတ်ဆက်ပေးသော မိန်းကလေးများအနက် အညို မည်သည့်တစ်ယောက်ကို ဒိတ်လုပ်ရန်ရွေးလိုက်သည်ကို ကိုး မေးကြည့်လိုသော်လည်း အညိုကထိုအကြောင်း စကားပင်မစသည့်အပြင် မိမိကလည်း ကိုယ့်မာနနှင့်ကိုယ်ဖြစ်သောကြောင့် မသိဟန်သာဆောင်နေလိုက်သည် ။ ထိုသို့နေရင်း စားပြီး၍ ပိုက်ဆံရှင်းကာနီးမှ အညိုက

" မင်းဂျက်စမင့်ကိုဘယ်လိုသဘောရလဲ ကိုး "

ဟု မေးလာသည် ။ ထို့ကြောင့် ကော်ဖီတစ်ငုံသောက်လိုက်ပြီး

" မဆိုးပါဘူး .... ထက်မြတ်တယ် ... မင်းပုံစံပဲ "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် အညိုက ခတ္တတိတ်ဆိတ်သွားသည် ။ ပြီးမှ

" အွန်း .... ငါဂျက်စမင့်ကိုသဘောအကျဆုံးဖြစ်နေလို့ သူနဲ့ Date ဖို့ ဆုံးဖြတ်လိုက်တယ် "

ဟု ပြောသည် ။ အညို့စကားကြောင့် ရင်ခံသွားသော်လည်း အညိုသည်လည်း ကိုယ့်ဘဝကိုယ် ရှေ့ဆက်ရမည်ဖြစ်သောကြောင့် ပြုံးလိုက်ပြီး

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now