7❗️

3.2K 68 0
                                    

🔥 My boyfriend is so hot🔥

Ch - 7 ❗️

1.

" အညို .... မင်းစာမလုပ်ပဲဒီကိုဘာလာလုပ်တာလဲ "

ဟု မေးလာသော ကိုး၏လည်ပင်းနှင့် အင်္ကျီရင်ဘတ်တွင် သွေးစက်ကဲ့သို့ အနီရောင်အစွန်းအထင်းများကိုတွေ့ရသဖြင့် နေရိပ် မျက်မှောင်ကြုံ့လိုက်မိသည် ။ ကိုးကမူ ဤသည်ကို သတိထားမိဟန်မတူ ။ မိမိ၏ပုခုံးကိုဖက်၍

" ဒီနေရာမှာနေရတာ စိတ်ညစ်စရာကြီး ..... အိမ်ထဲသွားရအောင် "

ဟု ပြောသည် ။ ထို့ကြောင့် မည်သည်စကားမှထပ်မပြောတော့ပဲ ကိုးအနောက်သို့လိုက်သွားလိုက်သည် ။ အိမ်ထဲရောက်၍ ဆိုဖာတွင်ထိုင်မိသောအခါမှ

" ကိုးငယ် .... မင်းတစ်ယောက်ယောက်ကိုပစ်လိုက်သေးလား "

ဟု မေးလိုက်သည် ။

သို့သော် ....
ကိုးကပြန်မဖြေ ။

" မင်းသိဖို့မတန်ဘူး "

ဟု ပြောကာ စကားလမ်းကြောင်းလွှဲရန်ပြင်သည် ။ မည်သို့ပင်စကားလမ်းကြောင်းလွှဲလွှဲ သိလိုသည်ကို မရမကစုံစမ်းလေ့ရှိသော မိမိဝသီအတိုင်း လွယ်လွယ်နှင့်အလျှော့မပေးပဲ

" မဖြေရင် ငါကိုစိုးမိုးကိုသွားမေးကြည့်လိုက်ရမလား "

ဟု ခြိမ်းခြောက်စကားဆိုလိုက်သည် ။

2.

ကိုစိုးမိုးအားသွားမေးမည်ဟု ခြိမ်းခြောက်ရုံနှင့်ပင် ကိုးက လူတစ်ယောက်အားပစ်ခဲ့ကြောင်း အမှန်အတိုင်းပြောသဖြင့် နေရိပ် ပြုံးလိုက်ပြီး

" ငါ့ကိုးငယ်တောင် တကယ့်လူဆိုးဂိုဏ်းခေါင်းဆောင်နဲ့တူလာပြီပဲ "

ဟု ပြောလိုက်သည် ။ ဤစကားကို ကိုးက

" *ီးကို ခေါင်းဆောင် ..... အဲ့ဒီကောင်က ပေကပ်ကပ်နဲ့ စောက်ချိုးမပြေလို့ပစ်လိုက်တာ "

ဟု ပြန်တုံ့ပြန်သော်လည်း အပြုံးမပျက်ပဲ ဘူးထဲမှတစ်ရှုးတစ်ရွက်ကိုထုတ်ကာ ကိုး၏လည်ပင်းတွင်ပေနေသော သွေးစက်များကိုသုတ်ပေးလိုက်ပြီး

" အင်း ..... နောက်ဆို ငါ့အဖေဆီရောက်လာတဲ့ ပေကပ်ကပ်ကောင်တွေကို မင်းဆီလွှတ်မှပဲ ..... အဲ့ဒါမှ မင်းသေနတ်ကိုသုံးဖို့ မဝံ့မရဲဖြစ်မနေတော့မှာ "

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now