33.

268 3 0
                                    

🔥 My boyfriend is so hot 🔥

Ch - 33

1.

" နင်ငါ့ဆီရောက်နေတာ တစ်ပတ်ရှိပြီ ... အခုထိ ပြသနာကဘာလဲဆိုတာ မပြောပြချင်သေးဘူးလား "

ဟု မေးလာသော ဆိုဖီ့ကို ကိုးရယ်ပြလိုက်ပြီး

" ဒီအတိုင်း အိမ်မှာနေရတာပျင်းလို့ထွက်လာတာပါဆို "

ဟူ၍ အဖြေပေးလိုက်သည် ။

သို့သော် ....
ဆိုဖီက လက်မခံ ။ ခေါင်းခါ၍

" စောက်ပိုတွေ ... နင်လားနင့်အညိုကိုထားခဲ့ပြီး တစ်ယောက်ထဲထွက်လာမှာ "

ဟု ပြောသည် ။ ထို့ကြောင့် ခေါင်းကုတ်လိုက်ပြီး

" လုပ်စရာကိစ္စလေးရှိလို့ကွာ ... အဲ့ဒါကြောင့် ငါဘယ်တော့ပြန်မှာလဲတို့ ဘာလာလုပ်တာလဲတို့ ထပ်မမေးနဲ့တော့ ... ကိုယ့်ကိစ္စကိုယ်လုပ် .... ငါလည်းငါ့ကိစ္စငါလုပ်မယ် .... အိုကေ "

ဟု စကားအပြတ်ပြောလိုက်သည် ။

2.

အပုန်းကောင်းသောကိုးအား တစ်ပတ်လုံးအဆက်အသွယ်မရသောကြောင့် နေရိပ် အားလျော့ချင်လာသည် ။ ဘဝတွင် လုပ်ခဲ့သမျှကိစ္စအားလုံးကို တစ်ကြိမ်တစ်ခါမှ နောင်တမရဖူးခဲ့သော်လည်း ကိုးနှင့်စကားများမိခဲ့သည့်ကိစ္စအတွက်မူ နောင်တရသည် ။ ထို့ကြောင့် ဖုန်းကိုထုတ်၍ မကိုင်မှန်းသိသော ကိုးထံသို့ခေါ်လိုက်သည် ။ ထိုစဉ်

" အစ်ကိုလေး "

ဟူသော ခေါ်သံနှင့်အတူ ကိုစိုးမိုးကအခန်းထဲသို့ဝင်လာသဖြင့် ဖုန်းကိုချလိုက်ပြီး

" ဘာထူးသေးလဲ ကိုစိုးမိုး "

ဟု မေးလိုက်သည် ။

" ဆိုဖီဖုန်းဆက်တယ် .... သခင်လေးရဲ့သူငယ်ချင်းပါ "

ဟူသော အဖြေစကားကိုရသောကြောင့် ကိုစိုးမိုးလာပေးသည့်ဖုန်းကို လှမ်းယူလိုက်သည် ။

3.

ကိုးနှင့်ယခင်က ဒိတ်လုပ်ခဲ့ဖူးသည့်ဆိုဖီက ကိုးသည် ဆိုဖီတို့မိသားစုပိုင်သော ဟိုတယ်တွင်ရောက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း သတင်းလှမ်းပေးသဖြင့် နေရိပ် စိတ်အေးသွားရသော်လည်း ဤသို့ဆိုဖီ့ထံရောက်နေရသည်မှာ အလုပ်ကိစ္စတစ်ခုရှိ၍ဖြစ်ကြောင်း သိလိုက်ရသောအခါ ရင်ပူရပြန်သည် ။ ထို့ကြောင့်

🔥 My boyfriend is so hot 🔥(21)Wo Geschichten leben. Entdecke jetzt