37.

312 4 0
                                    

🔥 My boyfriend is so hot 🔥

Ch - 37

1.

နေရိပ် ကတိပေးထားသည့်အတိုင်း မပင်ပန်းရသည့်အလုပ်အချို့ကို လုပ်ခိုင်းလိုက်သောအခါမှ ကိုးတစ်ယောက် ခြေငြိမ်သွားသည် ။ ထို့အတူ စိတ်ကလည်းပုံမှန်ပြန်ဖြစ်လာသည် ။ ထို့ကြောင့် ကြိုးကြိုးစားစား အလုပ်,လုပ်နေသော ကိုး၏ဘေးတွင်ဝင်ထိုင်၍ နဖူးကိုဖွဖွနမ်းလိုက်ကာ

" အခုမှပဲ ငါ့ကိုးနဲ့တူတော့တယ် "

ဟု ပြောသည် ။ ကိုးက ဤစကားကို ပြန်မတုံ့ပြန်ပဲ

" ငါ့ဆီမှာရှိတဲ့အရင်လကဝင်ငွေစာရင်းက မင်းဆီကစာရင်းနဲ့ကွာနေတယ် အညို "

ဟု ပြောသည် ။ လတ်တလော မိမိအတွက် ဤစာရင်း ၊ အင်းများက အရေးမကြီး ။ ကိုး၏အနားတွင် စက္ကန့်မလပ်နေရန်က ပိုအရေးကြီးနေသောကြောင့် ကိုး၏ပုခုံးပေါ်သို့ ခေါင်းတင်လိုက်ပြီး

" ကိုးငယ် "

" ငါတို့လက်ထပ်ကြမလား "

ဟု မေးလိုက်သည် ။ ဤမေးခွန်းကိုကြားသောအခါ ကိုးက ခေါင်းကုတ်၍

" ပေါက်ကရတွေ ပြောမနေစမ်းနဲ့ အညိုရာ .... ငါမအားဘူး "

ဟု ပြောသည် ။ ကိုး၏ပုံစံက လက်ထပ်သည့်ကိစ္စကို စိတ်ဝင်စားဟန် အမှန်တကယ်ပင်မပြသောကြောင့် ထပ်မပြောတော့ပဲ ကိုး၏ပေါင်ပေါ်တွင် ခေါင်းအုံးလိုက်သည် ။

2.

အညိုအိပ်သွားသောအခါမှ ကိုး လုပ်လက်စအလုပ်ကို လက်စသတ်ကာ စားပွဲပေါ်တွင်တင်ထားသော စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကိုထုတ်ယူကာ မီးညှိဖွာရှိုက်လိုက်သည် ။ ထို့နောက် အိပ်နေသော အညို့မျက်နှာကိုကြည့်မိသည် ။ ထိုသို့ကြည့်ရင်း

" ငါတို့လက်ထပ်ကြမလား "

ဟူသော အညို၏စကားကိုပြန်ကြားမိသည် ။ အညိုနှင့် ငယ်စဉ်ကတည်းက သိကျွမ်းလာခဲ့ခြင်းဖြစ်သောကြောင့် အညိုနှင့်လက်မထပ်နိုင်စရာအကြောင်း မိမိတွင်မရှိ ။ ခက်သည်က အညို့ဖခင်သဘောမတူမည်ကို စိုးရိမ်ခြင်းဖြစ်သည် ။

အညို့ဖခင်က မိမိ၏အလုပ်များကို အညို့အားလွှဲသည့်သတင်းကြားကတည်းက မိမိအားမကြည်တော့ ။ ထို့အပြင် အညိုက မိမိအလုပ်များနှင့် ကျွမ်းဝင်အောင်လုပ်ရန် အချိန်ပေးရသည့်အတွက် ကျောင်းကိုပထမနှစ်သာတက်ပြီး ဆက်မတက်တော့ ။ ဤကိစ္စနှင့်ပတ်သတ်ပြီး အညို့အား သာမန်ကလေးသာဖြစ်စေလိုသော အညို့ခဖင်က မိမိအားမကြည်ပြန် ။ အကယ်၍ အညိုနှင့်မိမိလက်ထပ်လိုက်လျှင် အညိုက မိမိတို့ဒုစရိုက်လောကသား လုံးဝဖြစ်သွားမည်ဖြစ်သောကြောင့် အညို့ဖခင်က သဘောတူလိမ့်မည်မဟုတ် ။

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now