13

884 39 0
                                    

🔥 My boyfriend is so hot 🔥

Ch - 13

1.

ယမကာ၏အရှိန်ဖြင့် ကိုးတစ်ယောက် ကောင်းကောင်းအိပ်ပျော်ဟန်တူသည် ။ တစ်ညလုံး တစ်ရေးပင်မနိုး ။ နေရိပ် ကိုးကို ညတိုင်း ဤကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေလိုသော်လည်း ကိုးက ယခုမှ ဆယ့်ရှစ်နှစ်ပြည့်ပြီးကာစဖြစ်သည့်အပြင် အရက်သေစာများသောက်စားပြီး အရက်သမားဖြစ်သွားမည်ကိုလည်း စိုးရိမ်သည် ။ အိပ်ဆေးလည်း ကိုးကိုမကူညီနိုင်သောကြောင့် သည်အတိုင်းပင် လွှတ်ထားရတော့သည် ။ ကိုယ့်အတွေးနှင့်ကိုယ် ကိုးဘေးတွင်လှဲကာ ငြိမ်နေစဉ် ကိုးက လူးလွန့်လှုပ်ရှားလာသည် ။ ထို့ကြောင့် ငုတ်တုတ်ထထိုင်လိုက်ပြီး

" နိုးရင် ထတော့ ကိုးငယ် .... အကြာကြီးအိပ်ရင် ခေါင်းကိုက်လိမ့်မယ် "

ဟု ပြောလိုက်သည် ။ ကိုးက ဤစကားကို

" အင်း .... ခဏနေထမယ် "

ဟု ပြန်တုံ့ပြန်ပြီး အကြောဆန့်ကာ စောင်ကိုပြန်ခြုံသည် ။ ဤပုံစံက ငါးမိနစ်ရရ ဆယ်မိနစ်ရရ ပြန်အိပ်မည့်ပုံဖြစ်သောကြောင့် ကုတင်ပေါ်မှဆင်းလိုက်ပြီး ကိုး၏ အရက်နာကျခြင်းကို သက်သာစေမည့်စားစရာ သို့မဟုတ် သောက်စရာတစ်မျိုးမျိုးလုပ်ပေးမည်ဟု စိတ်ကူးပြီး အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။

2.

ကိုးတစ်ယောက် မနေ့ညက အတော်ကြီးပလပ်ကျွတ်သွားသည်ထင်သည် ။ ယနေ့မနက်နိုးလာသောအခါ ခေါင်းတစ်ခုလုံး အုံခဲနေသည် ။ ထို့ကြောင့် နားထင်ကိုလက်ဖနောင့်ဖြင့်ဖိလိုက်ပြီး

" ကိုး .... မင်းတကယ်စောက်ရူးပဲ "

ဟု ရေရွတ်လိုက်သည် ။ ထိုစဉ် ပိတ်ထားသောအခန်းတံခါးက ပွင့်လာပြီး အညိုကအခန်းထဲဝင်လာသည် ။ အညို့ကို

" Morning "

ဟု နှုတ်ဆက်ပြီး ကုတင်ပေါ်မှဆင်းရန် စိတ်ကူးနေစဉ်မှာပင် အညိုက ခုံပုလေးတစ်လုံးကို အိပ်ရာပေါ်တင်ပေးသည် ။ ပြီးမှ

" ချင်းရေနွေး .... အရက်နာကျတာသက်သာတယ် .... သောက်လိုက် "

ဟု ပြောသည် ။ ချင်း၏ပူမှုကို မခံစားချင်သော်လည်း အရက်နာကျသည်က တော်တော်ဆိုးနေသောကြောင့်

🔥 My boyfriend is so hot 🔥(21)Hikayelerin yaşadığı yer. Şimdi keşfedin