30.

248 3 0
                                    

🔥 My boyfriend is so hot 🔥

Ch - 30

1.

ကိုးက ကုတင်ပေါ်တွင်လှဲ၍ အေးအေးဆေးဆေးသာသာယာယာ ဖုန်းကလိနေသော်လည်း နေရိပ်ကမူ တောင်လိုပုံနေသော လုပ်စရာများထဲတွင် နစ်မြုပ်နေရသည် ။ ထိုစဉ် အခန်းတံခါးခေါက်သံနှင့်အတူ ခန့်နေဇော်က အပေါက်ဝတွင်ပေါ်လာသည် ။ ထို့ကြောင့် ပြုံးပြလိုက်ပြီး

" ခန့် "

ဟု ခေါ်လိုက်သည် ။ ခန့်နေဇော်က မိမိကိုပြန်ပြုံးပြပြီး

" အလုပ်ရှုပ်နေပြန်ပြီလား "

ဟု မေးသည် ။ မေးရင်းနှင့် အခန်းထဲသို့လျှောက်လာသဖြင့် ကုတင်ပေါ်တွင် တုံးလုံးပက်လက်ဖြစ်နေသောကိုးကိုတွေ့သွားကာ

" အခုလိုပြန်တွေ့ရတာ ဝမ်းသာတယ် ကိုကိုး "

ဟု နှုတ်ဆက်သည် ။ ထိုအခါမှ တစ်နေကုန်ဖုန်းသာကလိနေသောကိုးက ဖုန်းကိုကုတင်ပေါ်တွင်ပစ်ချကာ ငုတ်တုတ်ထထိုင်ပြီး ခန့်နေဇော်ကို

" ဟိုင်း "

ဟု နှုတ်ဆက်သည် ။ ပြီးမှ

" ဒီနှစ်တွေအတွင်း အညို့ကိုဂရုစိုက်ပေးလို့ ကျေးဇူးပဲ "

ဟု ပြုံး၍ဆက်ပြောသည် ။

2.

ယခင်က ခန့်နေဇော်နှင့်ကိုးသည် အကြောမတည့်ကြသော်လည်း ယခု ထူးထူးဆန်းဆန်း သင့်မြတ်နေကြသဖြင့် နေရိပ် ဖတ်လက်စဖိုင်တွဲကို ပိတ်လိုက်ပြီး

" မင်းတို့အဖော်ရှိတယ်ဆို ငါအလုပ်လေးတွေလက်စသတ်စရာရှိတာသွားသတ်လိုက်အုံးမယ် ..... ရတယ်မဟုတ်လား "

ဟု မေးလိုက်သည် ။ ကိုးက ဤမေးခွန်းကို

" ငါလည်းလိုက်မယ် "

ဟု ပြန်တုံ့ပြန်ရင်း ကုန်းရုန်းထလာသဖြင့် မျက်မှောင်ကြုံ့၍ကြည့်လိုက်ပြီး

" မင်းကဘယ်ကိုလိုက်မှာလဲ .... နိုးလာတာ တစ်ရက်တောင်မရှိသေးတာကို .... နားနေ "

ဟူသော စကားကိုပြောလိုက်သည် ။ ဤစကားကိုကြားသောအခါ ကိုး၏အောက်နှုတ်ခမ်းက ချက်ချင်းစူလာကာ ကုတင်ပေါ်သို့ဘုန်းကနဲပစ်လှဲပြီး စောင်ကိုခေါင်းမြီးဆွဲခြုံပစ်သည် ။ ယခုအရွယ်အထိ ကလေးလိုလုပ်နေသေးသောကိုးကိုကြည့်၍ အူယားမိသော်လည်း အူယားနေလျှင် ယနေ့သွားစရာရှိသည့်နေရာသို့ရောက်မည်မဟုတ်သောကြောင့် ခန့်နေဇော်ကိုပင် ကိုးအားကြည့်ထားပေးရန် လက်ဟန်ခြေဟန်နှင့်ပြောကာ အခန်းထဲမှထွက်လာခဲ့လိုက်သည် ။

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now