16

897 39 0
                                    

🔥 My boyfriend is so hot 🔥

Ch - 16

1.

နေရိပ် ကိုး၏

" အညို ..... မင်းဘာလုပ်တာလဲ .... ငါနာနေပြီ .... လွှတ်ကွာ "

ဟူသော အသံကိုကြားသော်လည်း ဒေါသကတော်တော်ထွက်နေသဖြင့် မလွှတ်ပေးပဲ လူရှင်းသည့်နေရာဆီသို့ ခေါ်လာခဲ့လိုက်သည် ။ လူမမြင်နိုင်သည့်နေရာရောက်သောအခါမှ လက်ကိုလွှတ်ပေးလိုက်ပြီး

" မင်းဘာတွေစိတ်ကူးနေတာလဲ ကိုး .... ဟမ် "

ဟု မေးလိုက်သည် ။

သို့သော် ....
ကိုးကပြန်မဖြေ ။

" အညို .... မင်းလုပ်တာငါ့ပိုက်ဆံတွေကျန်ခဲ့ပြီ "

ဟု ပြောသည် ။ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်သည့်အပြင် မိမိမေးခွန်းကိုလည်းမဖြေသည့်ကိုးကို ယခုထက်ပို၍ စိတ်မရှည်နိုင်တော့ ။

" ငါမေးနေတာတောင်မဖြေနိုင်ရလောက်အောင် မင်းအတွက် အဲ့ဒီပိုက်ဆံကအဲ့ဒီလောက်တောင် စောက်ရေးကြီးနေလား .... ဟုတ်လား "

ဟု မေးရင်း ကိုးကိုနံရံဆီသို့တွန်းလိုက်သည် ။ ကိုး၏မျက်နှာက နာသွားဟန်ဖြင့် ရှုံ့သွားသော်လည်း
မည်သည့်စကားမှမဆို ။ စိတ်ဆိုးကာစိုက်ကြည့်နေသောမိမိကို တစ်ချက်သာမော့ကြည့်၍ နေရာမှထွက်ခွာသွားသည် ။

2.

အညိုစီးလာသောကား နေရာမှထွက်ခွာသွားသည်ကို မြင်ရသောအခါမှ ကိုး ပုန်းနေရာမှထွက်လာခဲ့လိုက်သည် ။ စိတ်ထဲမှလည်း

" ငါမပါလည်း မင်းဘဝမင်းနေတတ်အောင်နေ အညို "

ဟု ပြောလိုက်သည် ။ ထိုစဉ်

" ယူကဒီရောက်နေတာကိုး .... အိုင်ကအထဲမှာထင်လို့လိုက်ရှာနေတာ "

ဟူသော အသံနှင့်အတူ ဆိုဖီကပေါ်လာသည် ။ ထို့ကြောင့် ပြုံးပြလိုက်ပြီး

" သူငယ်ချင်းရောက်လာတာနဲ့ ခဏစကားလာပြောတာ "

ဟု မတွေ့သည့်အကြောင်းအရင်းကို ရှင်းပြလိုက်သည် ။ ပြီးမှ

" အထဲဝင်ရအောင်လေ .... ကျွန်တော့်ကတိအတိုင်း တစ်ဝိုင်းကျွေးမယ် "

🔥 My boyfriend is so hot 🔥(21)Hikayelerin yaşadığı yer. Şimdi keşfedin