10

1K 42 2
                                    

🔥 My boyfriend is so hot🔥

Ch - 10

1.

စိတ်ကောက်သူက မိမိဖြစ်ပြီး ပြန်ချော့ရသူကလည်း မိမိပင်ဖြစ်သော်လည်း နေရိပ် ကိုးကိုစိတ်မဆိုးနိုင် ။ ထိုင်၍ငိုင်နေသော ကိုး၏ပုခုံးကိုဖွဖွဖက်လိုက်ပြီး

" ငါမင်းကိုအဲ့ဒီသဘောနဲ့ပြောတာမဟုတ်မဟုတ်ပါဘူး ကိုးငယ်ရ ..... မင်းအသက်အရွယ်နဲ့ဆို ပျော်ပျော်ရွှင်ရွှင်နဲ့နေနေရမှာ ..... ဒါပေမဲ့ အခုကနေ့နေ့ညညမင်းကအလုပ်နဲ့လူနဲ့မပြတ်ဘူး ..... ငါတောင်မင်းသူငယ်ချင်းမို့လို့ ဒီလောက်မင်းဆီကအချိန်ရတာ ..... ဒီပုံစံအတိုင်းသွားရင် မင်းရည်းစားလည်းရမှာမဟုတ်ဘူး "

ဟု ပြောလိုက်သည် ။ ဤစကားကို ကိုးက ငြိမ်၍နားထောင်နေပြီးမှ

" ငါ့အတွက်ရည်းစားမလိုဘူး "

ဟု ဘုတောသည် ။ စကားအကောင်းပြောလျှင် အကောင်းပြောမှန်းမသိသော အနှီလူဆိုးလေးကို ခပ်စပ်စပ်လေးရိုက်ပစ်လိုက်ချင်သော်လည်း စိတ်ကိုထိန်းကာ

" ငါ့ကိုဘုမတောစမ်းနဲ့ ကိုးငယ် ..... ငါတကယ်ပြောတာ ..... ကိုယ့်ကိုယ်ကိုယ်လည်း အချိန်လေးပေးပါအုံး "

ဟု ချော့၍ပြောရသည် ။ ထိုအခါမှ ကိုးက ခေါင်းညိတ်ကာ

" ငါသိပါတယ် .... ကာစီနိုကိုလက်စသတ်ပြီး ဝန်ထမ်းတွေကို အဲ့ဒီကိုရွှေ့ပြီးရင် ငါလည်းမင်းပြောသလို အေးအေးဆေးဆေးနေနိုင်လောက်ပါပြီ "

ဟု ပြောသည် ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး

" ငါကူညီလို့ရတာရှိရင်ပြော .... မင်းအတွက်ဆို ငါကအမြဲကူညီဖို့အဆင်သင့်ပဲ "

ဟု ပြောလိုက်သည် ။

သို့သော် ....
ကိုးက အကူအညီတောင်းသည့်စကားအစား

" ငါ့ကိုကူညီချင်ရင် မင်းကကျောင်းပုံမှန်တက်ပြီး ဘွဲ့ရအောင်လုပ် ..... ငါလိုချင်ခဲ့တဲ့ပုံမှန်ဘဝကို မင်းကငါ့အစားယူပေး "

ဟု ခပ်တိုးတိုးပြောသဖြင့်

" အေးပါ .... အဲ့ဒါအတွက် စိတ်ချစမ်းပါ "

ဟူ၍ ပြောလိုက်သည် ။

2.

ညနက်နေပြီဖြစ်သော်လည်း ကိုးက အလုပ်ကိုလက်စမဖြတ်နိုင်သေး ။ နေရိပ်မှသွားမတားလျှင် ညလုံးပေါက်သွားနိုင်ခြေရှိသောကြောင့် အနားသို့လျှောက်သွားလိုက်ပြီး

🔥 My boyfriend is so hot 🔥(21)Opowieści tętniące życiem. Odkryj je teraz