5

1.3K 60 0
                                    

🔥 My boyfriend is so hot🔥

Ch - 5

1.

ကိုးက မိမိနှိပ်ပေးသည်ကိုငြိမ်သက်စွာခံရင်း တဝါးဝါးသန်းနေသောကြောင့် နေရိပ်

" အိပ်ချင်ရင်အိပ်တော့လေ ..... ဆယ့်နှစ်နာရီကျော်နေပြီ "

ဟု ပြောလိုက်သည် ။ ကိုးက ဤစကားကို

" အင်း ..... အိပ်မယ် "

ဟု ပြန်​တုံ့ပြန်သော်လည်း အကြည့်တို့က ကွန်ပြူတာမှမခွာသဖြင့် ကွန်ပြူတာကိုဆွဲလုလိုက်ပြီး

" ပြောတာနားထောင် ..... သေရင်ကိုယ့်အနောက်ဘာမှပါမှာလဲမဟုတ်ပဲနဲ့ကို ဘာဖြစ်လို့အဲ့ဒီလောက်ကြီးတွေကြိုးစားနေတာလဲ "

ဟု မေးလိုက်သည် ။

" အိမ်ထောင်ပြုတော့မှာမို့လို့ မင်္ဂလာစရိတ်စုနေတာလေ "

ဟူသော အဖြေကို ကိုးကရယ်၍ ပြန်ပေးသဖြင့် ကိုး၏ပုခုံးကို ကုန်းကိုက်ပစ်လိုက်သည် ။

2.

ညကညဉ့်နက်မှအိပ်သော်လည်း ကိုးတစ်ယောက် မနက်စောစောကတည်းကနိုးနေသည် ။ မျက်လုံးနှစ်လုံးပွင့်သည်နှင့် လုပ်စရာအလုပ်များက ခေါင်းထဲတွင် စာရင်းနှင့်အစီအရီပေါ်လာသောကြောင့် ဆက်ပျင်းနေရန်မဝံ့ရဲတော့ ။ အိပ်ရာမှခပ်သွက်သွက်ထကာ ကိုယ်လက်သန့်စင်ရသည် ။ ထို့နောက် မနက်တိုင်းလုပ်နေကျအတိုင်း ကိုယ်လက်လှုပ်ရှားမှုလုပ်ရန် ပေါ့ပေါ့ပါးပါး အားကစားဝတ်စုံကို လဲဝတ်လိုက်သည် ။ ထိုစဉ်

" ကိုး "

ဟု အိပ်ချင်မူးတူးဖြင့် ခေါ်လိုက်သော အညို့အသံကထွက်လာသည် ။ မည်သည့်အခါကမှ စောစောမထခဲ့သောအညိုက ယနေ့မှအစောကြီးနိုးနေသဖြင့် အညို့ကိုလှည့်ကြည့်လိုက်ပြီး

" စောသေးတယ် အညိုရဲ့ ..... ပြန်အိပ်အုံးလေ "

ဟု ပြောလိုက်သည် ။

သို့သော် ...
အညိုကခေါင်းခါ၍

" မင်းဘယ်သွားမလို့လဲ "

ဟု မေးသည် ။

" အားကစားသွားလုပ်မလို့ "

ဟူသော မိမိအဖြေကိုကြားသောအခါ အညိုက ကုတင်ပေါ်မှဆင်းပြီး

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now