6

1.2K 50 0
                                    

🔥 My boyfriend is so hot🔥

Ch - 6

1.

အီးစီကောင်းမှုအကြောင်းပြု၍ အညိုက ကျန်သည့်အတန်းချိန်များကို ဆက်မတတ်တော့ဟုပြောလာသဖြင့် ကိုးခမြာ အညို့စိတ်တိုင်းကျ ဖြစ်ခွင့်ပေးရတော့သည် ။ ထိုအခါမှ တစ်လျှောက်လုံးသုန်မှုန်နေသော အညို့မျက်နှာက မှိုရသကဲ့သို့ကြည်လင်လာပြီး

" ကိုး .... ငါတို့ KTV သွားရအောင်ကွာ ..... သီချင်းသွားဆိုကြမယ် "

ဟု ပြောသည် ။ အညို့စကားကြောင့် မျက်မှောင်ကြုံ့လိုက်ပြီး

" အညို .... မင်းကလည်းရှုပ်ရှုပ်ယှက်ယှက်ကွာ .... သီချင်းဆိုချင်ရင် ငါ့အိမ်လိုက်ဆိုကွာ "

ဟု ပြောလိုက်သည် ။

သို့သော် ....
အညိုကလက်မခံ ။

" မင်းမလိုက်ရင်ပြန်ကွာ .... ငါ့ဘာသာတစ်ယောက်ထဲသွားမယ် "

ဟု ပြောကာ ပတ်ထားသော Seat Belt ကို ဖြုတ်သည် ။

ဘဝတွင် အညိုသည်သာတစ် ၊ အညိုသည်သာနှစ် ၊ အညိုသည်သာအရေးအကြီးဆုံးဟု သတ်မှတ်ထားခဲ့သူဖြစ်သောကြောင့် ကိုယ်တော်ချောကို တစ်ယောက်ထဲမလွှတ်လိုက်နိုင် ။ သက်ပြင်းချ၍

" ကဲ ပြော ..... ဘယ်နေရာကိုကြွတော်မူမလဲ "

ဟု မေးလိုက်သည် ။

2.

အညိုက အညိုတို့အုပ်စုကပိုင်သော KTV သို့သာလာရန်စိတ်ဆုံးဖြတ်လိုက်သဖြင့် ကိုး ခေါင်းပေါ်မှအထုတ်ကြီးကျသွားသည် ။ အညိုကမူ ဤသည်ကိုသိဟန်မတူ ။ ဆိုဖာပေါ်တွင် အကျအနထိုင်ကာ သီချင်းရွေးနေသည် ။ သီချင်းရွေးနေသော်လည်း မည်သည့်သီချင်းကိုမှ ကီးဝင်အောင်ဆိုတတ်သူမဟုတ်သလို မည်သည့်သီချင်းကိုမှလည်း အလွတ်ရသူမဟုတ် ။ ထို့ကြောင့် အညို့ဘေးတွင်ဝင်ထိုင်လိုက်ပြီး

" သီချင်းရွေးပြီးတော့ မင်းကကီးဝင်အောင်ဆိုမှာမို့လို့လား "

ဟု မေးလိုက်သည် ။ ဤမေးခွန်းကို အညိုက

" ငါရတဲ့တစ်ပုဒ်တော့ရှိတယ်လေ "

ဟု ပြန်ဖြေရင်း မိုက်ကိုကောက်ကိုင်သဖြင့် ရှေ့လျှောက်ကြုံတွေ့ရမည့်အဖြစ်အပျက်များကိုကြိုတွေးကာ စိတ်ထဲမှဘုရားစာရွတ်လိုက်မိသည် ။

🔥 My boyfriend is so hot 🔥(21)Unde poveștirile trăiesc. Descoperă acum