18 ❗️

2.1K 43 0
                                    

🔥 My boyfriend is so hot 🔥

Ch - 18 ❗️

1.

ကိုစိုးမိုး၏

" သခင်လေး .... ဒီကထွက်သွားတော့ .... ဒီကောင်တွေကို ကျွန်တော်တို့ရှင်းလိုက်မယ် "

ဟူသောစကားကြောင့် ကိုး အညို့လက်ကိုဆွဲ၍ ကားပါကင်ထဲသို့ဆင်းပြေးလာခဲ့လိုက်သည် ။ ဂျက်စမင် အညို့ကိုဘာလုပ်ထားသည်ကိုမသိသော်လည်း အညို့ပုံစံက အဆင်ပြေသည့်ပုံမပေါ် ။ ထို့ကြောင့် အညို့ကိုကုန်းပိုးရက်နှင့်ပင် ရပ်ထားသည့်ကားဆီသို့ ပြေးလာခဲ့လိုက်သည် ။ ကားဒရိုင်ဘာက မိမိနှင့်အညို့ကိုတွေ့သည်နှင့် ကားကိုစက်နှိုးကာ နေရာမှမောင်းထွက်နိုင်ရန် အဆင်သင့်ပြင်ထားဟန်တူသည် ။ အညို့ကိုကားပေါ်တင်ပြီး မိမိလည်းကားပေါ်ရောက်သည်နှင့် ကားကိုမောင်းထွက်သည် ။ ကျန်ခဲ့သော ကိုစိုးမိုးကို စိတ်ပူသော်လည်း ကိုစိုးမိုးအား ယုံကြည်သောကြောင့် စိတ်ဖြတ်လိုက်ကာ အညို့ကိုကြည့်လိုက်သည် ။ အညိုက ပုခုံးတွင်သေနတ်မှန်ထားသဖြင့် ထိုနေရာမှ သွေးများစိမ့်ထွက်နေသည် ။ ထို့ကြောင့် ဝတ်ထားသောအင်္ကျီ၏ အောက်ဘက်ကိုဆွဲဖြဲလိုက်ပြီး အညို့ဒဏ်ရာပေါ်တွင် အုပ်ပေးလိုက်သည် ။ ပါးစပ်မှလည်း

" မင်းဘာမှမဖြစ်ဘူး အညို .... ငါမင်းကိုငါ့ဆီကအကောင်းဆုံးဆရာဝန်နဲ့ပြပြီး မင်းပုခုံးကကျည်ဆံကိုထုတ်ပေးမယ် .... ဟုတ်ပြီလား .... အဲ့ဒါကြောင့် သတိလစ်မသွားစေနဲ့ "

ဟု ပြောပြီး အညို့လက်ကိုဆုပ်ကိုင်ထားလိုက်သည် ။

2.

ကိုးက ပုခုံးမှဒဏ်ရာကို စိတ်ပူကာ လက်ကိုဆုပ်ကိုင်ထားပေးသော်လည်း ဂျက်စမင်၏ဆေးအစွမ်းပြခြင်းကိုခံနေရသော နေရိပ်အတွက်ကမူ ကာမစိတ်ပို၍ထကြွအောင်လုပ်ပေးနေသကဲ့သို့ ခံစားရသောကြောင့် ကိုး၏လက်ကို ဆွဲဖြုတ်လိုက်ပြီး

" ကိုး .... အာ့ .... င ငါ့ကို မထိနဲ့ .... အင့် "

ဟု မောဟိုက်စွာပြောလိုက်သည် ။ ဤစကားအဆုံးတွင် ကိုးက နားမလည်စွာဖြင့် ငုံ့ကြည့်လာပြီး

" ဘာဖြစ်လို့လဲ အညို .... ဘယ်နားကနာလို့လဲ "

ဟု အူကြောင်ကြောင်ဖြင့်မေးသည် ။ ထို့ကြောင့် စိတ်တိုလာကာ အောက်သို့ငုံ့နေသောကိုး၏လည်ပင်းကိုလှမ်းဆွဲကာ နှုတ်ခမ်းများကို ကြမ်းတမ်းစွာနမ်းရှိုက်လိုက်သည် ။

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now